2 ရာဇဝင်ချုပ်ပထမစောင် 13:10
ထိုသို့သေတ္တာတော်ကို ကိုင်သောကြောင့်၊ ထာဝရဘုရားသည် ဩဇကို အမျက်ထွက်၍၊ ဒဏ်ခတ် တော်မူသဖြင့်၊ ဩဇသည် ဘုရားသခင်ရှေ့တော်၌ သေလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 13
Cross References
Leviticus 10:1အာရုန်၏သားနာဒပ်နှင့် အတိဟုတို့သည်၊ ကိုယ်စီဆိုင်သော လင်ပန်းတို့ကို ယူလျက်၊ မီးကိုထည့်၍ လောဗန်ကို တင်ပြီးလျှင်၊ ထာဝရဘုရား မှာထားတော်မူသော မီးမဟုတ်၊ ထူးခြားသော မီးကို ရှေ့တော်၌ ပူဇော်၏။
Numbers 16:35နံ့သာပေါင်းကို မီးရှို့၍ ပူဇော်သောသူ နှစ်ရာ ငါးဆယ်တို့ကိုလည်း၊ ထာဝရဘုရားထံတော်က မီးထွက်၍ လောင်လေ၏။
1 Samuel 6:19ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသောကြောင့်၊ လူခုနစ်ဆယ်နှင့်လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ၏။ ထိုသို့ ထာဝရဘုရားသည် ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသောကြောင့်၊ လူများတို့သည် ငိုကြွေးမြည်တမ်း ကြ၏။
1 Chronicles 15:15ထာဝရဘုရားအမိန့်တော်နှင့်အညီ မောရှေ မှာထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းဘိုးဖြင့် ထမ်းကြ ၏။
1 Corinthians 11:30ထိုအကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမမာသော သူအများရှိကြ၏။ သေသော သူအများလည်း ရှိကြ၏။