2 ရာဇဝင်ချုပ်ပထမစောင် 16:33
ထိုအခါတော၌ ရှိသမျှသော အပင်တို့သည် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းစွာသီချင်းဆိုကြလိမ့် မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် မြေကြီးသား တို့ကို တရားစီရင်ခြင်းငှါ ကြွလာတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
32ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံ ပြုစေ။ လယ်ပြင်နှင့်လယ်ပြင်၌ ရှိသမျှသည်လည်း ဝမ်းမြောက်စေ။
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 16
Cross References
Psalms 9:9ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသော သူတို့၏ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည် ကာလ ခိုလှုံရာဖြစ်တော်မူ၏။
Psalms 98:9အကြောင်းမူကား၊ မြေကြီးသားတို့ကို တရား စီရင်ခြင်းငှါ ကြွလာတော်မူ၏။ လောကာသားတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ လူများကို ဟုတ်မှန်ခြင်းတရား အတိုင်း စီရင်ဆုံးဖြတ်တော်မူလတံ့။
Ezekiel 17:22တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ မြင့်သော အာရဇ်ပင်၌ အမြင့်ဆုံးသော အညွန့် ကို ငါယူ၍စိုက်မည်။ အညွန့်ဖျားတို့တွင် နုသော အညွန့်ကိုဆိတ်၍၊ မြင့်မြတ်သော တောင်ပေါ်မှာ ငါစိုက် ပျိုးမည်။
2 Thessalonians 1:10ယုံကြည်သော သူအပေါင်းတို့အားဖြင့် အံ့ဩချီးမွမ်းခြင်းကို၎င်း၊ ခံအံ့သောငှါ ကြွလာတော်မူသောနေ့ရက်၌၊ ထိုသူတို့သည် သခင်ဘုရား၏ မျက်နှာတော်နှင့်၎င်း၊ တန်ခိုးရှိသော ဘုန်းတော်နှင့်၎င်းကွာ၍ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတံ့၊
Revelation 11:17အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ၏။