2 ရာဇဝင်ချုပ်ပထမစောင် 19:3
အမ္မုန်အမျိုး မှူးမတ်တို့သည် ဟာနုန်မင်းထံသို့ ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင်၊ ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ ပြည်တော်ကို စစ်ဆေးစူး စမ်း၍ ဖျက်ဆီးခြင်းငှါသာ၊ သူ၏ကျွန်တို့သည် အထံတော် သို့ ရောက်သည် မဟုတ်လောဟု လျှောက်ကြလျှင်၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 19
Cross References
Joshua 2:1နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနာန်ပြည် ယေရိခေါမြို့ကို သွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင် ရာခပ်အမည်ရှိ သော ပြည်တန်ဆာမိန်းမအိမ်သို့ ဝင်၍နေလေ၏။
Judges 18:2သို့ဖြစ်၍ ဒန်အမျိုးသားတို့သည် ပြည်ကို ကြည့်ရှုစူးစမ်းစေခြင်းငှါ မိမိတို့ အမျိုးသား ခွန်အားကြီး သော သူရဲငါးယောက်တို့ကို သူတို့နေရာအရပ် ဇောရာမြို့၊ ဧရှတောလမြို့မှ စေလွှတ်လျက်၊ ပြည်ကို သွား၍ စူးစမ်းကြလော့ဟု မှာလိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက် ပြီးလျှင် တည်းခို၍ နေကြ၏။
1 Samuel 29:4ဖိလိတ္တိမင်းတို့သည် စိတ်ဆိုးလျက် ဤသူ ပြန်ပါစေ။ မင်းနေရာချသော အရပ်သို့ သွား၍နေပါစေ။ ငါတို့နှင့်အတူ စစ်တိုက်မလိုက်စေနှင့်။ စစ်တိုက်ရာတွင် ငါတို့ ရန်ဘက်၌ နေမည်ကို စိုးရိမ်စရာရှိ၏။ သူသည် သူ့သခင်၏ စိတ်ကို ပြေစေခြင်းငှါ အဘယ်သို့ပြုနိုင်သနည်း။ ငါတို့လူများ၏ အသက်ကို အပ်၍ ပြုနိုင်သည်မဟုတ်လော။
1 Kings 12:8အသက်ကြီးသူတို့ပေးသော အကြံကို ရောဗောင်သည်မလိုက်။ ခစားမြဲခစားသော မိမိသူငယ်ချင်း တို့နှင့် တိုင်ပင်လျက်၊