2 ရာဇဝင်ချုပ်ပထမစောင် 21:10
ဒါဝိဒ်ထံသို့သွားလော့။ အရာသုံးပါးကို သင့်အား ငါပြ၏။ သင်၌ ငါပြုစရာဘို့ တပါးပါးကိုရွေးလော့ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊
1835 Judson Burmese Bible
In The King James Version
In Context
9ထာဝရဘုရားသည် ဒါဝိဒ်၏ ပရောဖက်ဂဒ်ကို ခေါ်၍၊
11ဂဒ်သည်ဒါဝိဒ်ထံသို့သွား၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 21
Cross References
Joshua 24:15သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်း ဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတဘက်၌ ဘိုးဘေးတို့ဝတ်ပြု သောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ် လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊
1 Kings 13:21ယုဒပြည်မှ လာသောဘုရားသခင်၏လူအား၊ သင်သည် ထာဝရဘုရား၏နှုတ်တော်ထွက်ကို နား မထောင်၊ သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူ သော ပညတ်တော်ကို မစောင့်၊
Proverbs 3:12ထာဝရဘုရားသည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသော သူကို ဆုံးမ တော်မူတတ်၏။