2 ရာဇဝင်ချုပ်ပထမစောင် 22:5
ဒါဝိဒ်ကလည်း၊ ငါ့သားရှောလမုန်သည် အသက် ငယ်၍ နုသေး၏။ ထာဝရဘုရားအဘို့ တည်ရသော အိမ်မူကား အလွန်ထူးဆန်းသောအိမ်၊ အတိုင်းတိုင်း အပြည်ပြည်၌ ဘုန်းအသရေကျော်စောသော အိမ်ဖြစ်ရ မည်။ ယခုပင်အိမ်တော်အဘို့ ငါပြင်ဆင်မည်ဟု အကြံရှိ လျက် အနိစ္စမရောက်မှီများစွာ ပြင်ဆင်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 22
Cross References
Deuteronomy 31:2ငါသည် ယနေ့ အသက်တရာနှစ်ဆယ်စေ့ပြီ။ သင်တို့ရှေ့မှာ ထွက်ဝင်ခြင်းငှာ နောက်တဖန် မတတ် နိုင်။ ထာဝရဘုရားကလည်း၊ သင်သည် ယော်ဒန်မြစ်ကို မကူးရဟု မိန့်တော်မူပြီ။
1 Kings 9:8အရပ်မြင့်သော ဤအိမ်တော်ကိုလည်း လမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရ ဘုရားသည် ဤပြည်နှင့်ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု ကဲ့ရဲ့သံကိုပြုလျက် တယောက် မေးမြန်းသော်၊
2 Chronicles 2:4ဣသရေလအမျိုးသည် အစဉ်ကျင့်ရသော တရားအတိုင်း ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ၎င်း၊ ရှေ့တော်မုန့်ကို အစဉ်တင်ခြင်းငှါ၎င်း၊ ညဦး၊ နံနက်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ငါတို့ဘုရားသခင် ထာဝရဘုရား ၏ဓမ္မပွဲနေ့တို့၌ မီးရှို့ရာယဇ်ကိုပူဇော်ခြင်းငှါ၎င်း၊ ငါ၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော် ကို တည်ဆောက်၍ ပူဇော်ရမည်။
2 Chronicles 2:8အာရဇ်သစ်သား၊ ထင်းရူးသစ်သား၊ အာလဂုံ သစ်သားများကို လေဗနုန်တောင်မှာ ခုတ်၍ပေးလိုက်ပါ။ မင်းကြီး၏ ကျွန်တို့သည် လေဗနုန်တောင်ပေါ်မှာ သစ်ခုတ်တတ်သည်ကို ငါသိ၏။
2 Chronicles 13:7ရှောလမုန်သားရောဗောင်သည် အသက်ငယ်၍ သဘောနူးညံ့သောကြောင့်၊ မဆီးတားနိုင်သောအခါ၊ လှပ်ပေါ်သောသူ၊ အစမ္မလူတို့သည် ယေရောဗောင်ထံမှာ စုဝေး၍၊ ရောဗောင်မင်းတဘက်၌ ကိုယ်ကို ခိုင်ခံ့စေ ကြ၏။
Ecclesiastes 9:10ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။