2 ရာဇဝင်ချုပ်ပထမစောင် 28:21
သင်းဖွဲ့သောယဇ်ပုရောဟိတ်၊ လေဝိသားတို့ သည်လည်း ဘုရားသခင်၏အိမ်တော်မှုကို ဆောင်ရွက် ရာဘို့ရှိကြ၏။ လိမ္မာသော ဆရာသမားအမျိုးမျိုးတို့ သည်လည်း အရာရာတို့ကို လုပ်ဆောင်စေဘို့ရှိကြ၏။ မင်းများနှင့် ပြည်သူပြည်သားများအပေါင်းတို့သည်လည်း သင့်လက်၌ရှိကြသည်ဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 28
Cross References
Exodus 31:3သူသည် ရွှေငွေကြေးဝါကို လုပ်သော အတတ်၊ ကျောက်ကို သွေး၍ စီသောအတတ်၊
Exodus 36:1ထိုသို့ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်စရာဘို့၊ အမျိုးမျိုးသောအလုပ်ကို လုပ်တတ်သော ဉာဏ်ပညာကို ထာဝရဘုရား ပေးသွင်းတော်မူသော ပညာရှိအပေါင်း တို့နှင့်တကွ၊ ဗေဇလေလ၊ ဟောလျဘတို့သည် အလုပ်လုပ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။
1 Chronicles 22:17ဣသရေလမင်းအပေါင်းတို့သည် သားတော်နှင့် ဝိုင်းရမည်အကြောင်း မှာထားလေသည်မှာ၊
1 Chronicles 24:24ဩဇေလသားဖြစ်သော မိက္ခာ၏သားစုတွင် ရှမိရ၊
1 Chronicles 26:26ထိုရှေလောမိတ်နှင့်သူ၏ညီတို့သည် ဒါဝိဒ် မင်းကြီး၊ အဆွေအမျိုးသူကြီး၊ လူတထောင်အုပ်၊ တရာ အုပ်၊ ဗိုလ်မင်းပူဇော်သော ဘဏ္ဍာရှိသမျှကို အုပ်ရ၏။
Psalms 110:3တန်ခိုးတော်ပြသော နေ့ရက်ကာလ၌၊ ကိုယ်တော်၏ လူတို့သည် သန့်ရှင်းသော တန်ဆာကို ဆင်လျက်၊ ကြည်ညိုသော စေတနာစိတ်ရှိ၍၊ လူပျိုတော် တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ့်မည်။