2 ရာဇဝင်ချုပ်ပထမစောင် 28:8
သို့ဖြစ်၍ သင်တို့သည် ဤကောင်းသော ပြည်ကို ပိုင်၍ သင်တို့၏ သားမြေးအစဉ်အဆက် အမွေခံရာဘို့ ချဉ်ထားလိုသောငှါ၊ ထာဝရဘုရား၏ပရိသတ်တည်း ဟူသော ဣသရေလအမျိုးသားအပေါင်းတို့ရှေ့၌၎င်း၊ ငါတို့ဘုရားသခင့်အထံတော်၌၎င်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုရှာ၍ စောင့် ရှောက်ကြလော့။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 28
Cross References
Exodus 23:13ငါပညတ်သမျှတို့၌ သတိပြုကြလော့။ အခြားသောဘုရား၏ နာမကို မမြွက်မဆိုနှင့်။ သင်၏နှုတ်ထဲက မြွက်သံကို သူတပါးမကြားစေနှင့်။
Deuteronomy 4:6သို့ဖြစ်၍ ထိုပညတ်တရားတို့ကို ကျင့်စောင့် ကြလော့။ သို့ပြုလျှင်၊ ထိုပညတ်တရား ရှိသမျှတို့ကို ကြားရသော လူမျိုးများရှေ့မှာ၊ သင်တို့၏ ဥဏ်ပညာ သည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤကြီးမြတ်သော လူမျိုးသည် အကယ်စင်စစ် ဥဏ်ပညာနှင့် ပြည့်စုံသော အမျိုးဖြစ်၏ဟု ဆိုကြလိမ့်မည်။
Deuteronomy 5:32သို့ဖြစ်၍ သင်တို့၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်တို့သည် ကျင့်အံ့သော ငှာ စောင့်နေရကြမည်။ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲမရှောင်ရကြ။
Deuteronomy 27:1တဖန် မောရှေသည်၊ ဣသရေလအမျိုး၌ အသက်ကြီးသူတို့နှင့်တကွ လူများတို့ကို မှာထားသည်ကား၊ ယနေ့ ငါထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ကြ လော့။
Deuteronomy 29:15ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ယနေ့ရပ်နေသော သူတို့နှင့်၎င်း၊ ငါတို့တွင် ယနေ့မပါ သော သူတို့နှင့်၎င်း ငါပြု၏။
Ezra 9:12ကိုယ်တော်က၊ သင်တို့သွား၍ သိမ်းယူလတံ့ သောပြည်သည်၊ ပြည်သူပြည်သားတို့ အညစ်အကြေး ကြောင့် ညစ်ညှုးသော ပြည်ဖြစ်၏။ တပြည်လုံးကို ရွံရှာဘွယ်အမှုတို့နှင့် ပြည့်စုံစေကြပြီ။ သို့ဖြစ်၍ သင်တို့ သမီးကို သူတို့သားအား မပေးစားကြနှင့်။ သူတို့၏သမီး ကို သင်တို့သားနှင့် မစုံဘက်စေကြနှင့်။ သူတို့ချမ်းသာနှင့် သူတို့စည်းစိမ်ကို အလျှင်းမပြုစုကြနှင့်။ သင်တို့သည် ခွန်အားကြီး၍ မြေအသီးအနှံကို စားရသောအခွင့်၊ ထိုမြေ ကို ကိုယ်သားမြေးတို့၌ နစ္စအမွေဖြစ်စေ၍၊ အပ်ရသော အခွင့်ရှိစေခြင်းငှါ၊ ထိုသို့ကျင့်၍ နေကြလော့ဟု ကိုယ် တော် ကျွန်၊ ပရောဖက်တို့အားဖြင့် မှာထားတော်မူသော ပညတ်စကားတော်ကို အကျွန်ုပ်တို့သည် နားမထောင်ပါ တကား။