2 ရာဇဝင်ချုပ်ပထမစောင် 3:1
ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင် မြင်သောသား အာမနုန်တည်း။ ဒုတိယသားကား၊ ကရ မေလမြို့သူ အဘိဂဲလတွင် မြင်သောသား ဒံယေလ တည်း။
1835 Judson Burmese Bible
In The King James Version
In Context
2တတိယသားကား၊ ဂေရှုရရှင်ဘုရင် တာလမဲ သမီးမာခါ၏သား အဗရှလုံတည်း။ စတုတ္ထသားကား၊ ဟဂ္ဂိတ်၏သား အဒေါနိယတည်း။
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 3
Cross References
Joshua 15:56ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာနောမြို့၊
1 Samuel 27:3ဒါဝိဒ်နှင့် သူ၏လူများတို့သည် အသီးအသီး မိမိသားမယားပါလျက် ဂါသမြို့၊ အာခိတ်မင်းထံမှာ နေကြ၏။ ဒါဝိဒ်မယားနှစ်ယောက်၊ ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလပါသတည်း။
2 Samuel 3:2ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင် မြင်သောသားအာမနုန်တည်း။
2 Samuel 13:1ဒါဝိဒ်၏သား အဗရှလုံ၌ တာမာအမည်ရှိသော အဆင်းလှသော နှမတယောက်ရှိ၏။ ဒါဝိဒ်၏သား အာမနုန်သည် ထိုနှမကို ချစ်လေ၏။
1 Chronicles 28:5ထာဝရဘုရားသည် ငါ့အားများစွာသော သား တို့ကို ပေးတော်မူသည်ဖြစ်၍၊ ငါ့သားအပေါင်းတို့တွင် သားရှောလမုန်ကို ရွေးကောက်၍ ဣသရေလအမျိုးကို အုပ်စိုးလျက်၊ ထာဝရဘုရား၏ နိုင်ငံတော်ရာဇပလ္လင် ပေါ်မှာထိုင်စေခြင်းငှါ ခန့်ထားတော်မူပြီ။