2 ရာဇဝင်ချုပ်ပထမစောင် 4:1
ယုဒသားကားဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗာလတည်း။
1835 Judson Burmese Bible
In The King James Version
The sons of Judah; Pharez, Hezron, and Carmi, and Hur, and Shobal.
In Context
2ရှောဗာလသားကား ရာယ၊ ရာယသားယာဟတ်၊ ယာဟတ်သား အဟုမဲနှင့်လာဟဒ်၊ ဤရွေ့ကား ဇောရသိ အမျိုးအနွယ်တည်း။
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 4
Cross References
Genesis 38:29သို့သော်လည်း ထိုသူသည်မိမိလက်ကိုရုပ်ပြန်၍ သူ့အစ်ကိုဘွားသည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ် ကြောင့် အနိုင်အထက်ပြုရသနည်း။ အနိုင်အထက်ပြု သော ဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ကိုဖါရက် အမည်ဖြင့် မှည့်လေ၏။
Numbers 26:19ယုဒ၏သားဟူမူကား၊ ခါနာန်ပြည်၌သေသော ဧရနှင့် ဩနန် အစရှိသော၊
Ruth 4:18ဖာရက်၏သားစဉ်မြေးဆက်ဟူမူကား၊ ဖာရက်သားဟေဇရုံ၊
1 Chronicles 2:4ချွေးမတာမာတွင် မြင်သောသားကား ဖာရက် နှင့် ဇာရတည်း။ ယုဒသားပေါင်းကား ငါးယောက် တည်း။
1 Chronicles 2:7ဇိမရိသားဖြစ်သော ကာမိ၏သားကား ကျိန်ဆဲ အပ်သောအရာကိုယူ၍ ပြစ်မှားသဖြင့်၊ ဣသရေလအမျိုး ကို နှောင့်ရှက်သော အာခန်တည်း။
1 Chronicles 2:18ဟေဇရုံသား ကာလက်သည် မယားအဇုဘနှင့် ယေရုတ်တွင် မြင်သောသားကား ယေရှာ၊ ရှောဗပ်၊ အာဒုန်တည်း။