2 ရာဇဝင်ချုပ်ပထမစောင် 9:29
အချို့တို့သည်လည်း၊ သန့်ရှင်းရာဌာနတော် တန်ဆာများ၊ အသုံးအဆောင်များ၊ မုန့်ညက်၊ စပျစ်ရည်၊ ဆီ၊ လောဗန်၊ နံ့သာမျိုးများကို ပြုစု ၍စောင့်ရကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
28အချို့တို့သည်လည်း၊ အမှုတော်စောင့်တန်ဆာ များကို အရေအတွက်အတိုင်း သွင်းလျက် ထုတ်လျက် စောင့်ကြရ၏။
30ယဇ်ပုရောဟိတ်အမျိုးသား အချို့တို့သည်လည်း နံ့သာဆီကို လုပ်ရကြ၏။
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 9
Cross References
Exodus 27:20ပရိသတ်စည်းဝေးရာ တဲတော်တွင်၊ သက်သေခံချက်ထားရာအရပ်ကို ကာသော ကုလားကာပြင်မှာ၊ မီးခုံ၌ အစဉ်မပြတ် မီးထွန်းစရာဘို့၊ သံလွင်သီးကို ထောင်း၍ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသား တို့သည် ဆောင်ခဲ့ရကြမည်အကြောင်း ဆင့်ဆိုလော့။
1 Chronicles 23:29ရှေ့တော်မုန့်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်ကို၎င်း၊ တဆေးမဲ့မုန့်ပြား၊ သံပြားနှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော်ကို၎င်းလုပ်၍ ဘုရားသခင်၏ အိမ်တော် အမှုကိုလည်း ဆောင်ရွက်ရကြမည်။ တိုင်းတွာ၊ ချိန်တွယ်၊ ခြင်တွက်ခြင်းအမှုအမျိုးမျိုးကိုလည်း စီရင်ရကြမည်။