2 ရာဇဝင်ချုပ်ပထမစောင် 9:33
သီချင်းဆိုသော သူလေဝိအဆွေအမျိုး သူကြီးတို့ သည် မိမိတို့အမှုကို နေ့ညဉ့်မပြတ်စောင့်ရသောကြောင့်၊ အိမ်တော်အခန်း၌နေ၍ အခြားသောအမှုနှင့်လွတ်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
32သူ၏ညီအစ်ကိုနှင့် အခြားသောကောရသိ အဆွေအမျိုးသားတို့သည် ဥပုသ်နေ့၌ ရှေ့တော်မုန့်ကို ပြင်ဆင်ရကြ၏။
34ထိုလေဝိအဆွေအမျိုးသူကြီးတို့သည် အစဉ် အဆက်အကြီးအကဲဖြစ်၍ ယေရုရှလင်မြို့၌ နေရာ ကျကြ၏။
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 9
Cross References
1 Chronicles 15:16လေဝိသားအကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသော တုရိယာမျိုးနှင့် သီချင်းဆိုတတ် သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိ သည်အတိုင်း၊
1 Chronicles 25:1ထိုမှတပါးအာသပ်၊ ဟေမန်၊ ယေဒုသုန်သား တို့နှင့်အတူ ဝိုင်း၍ စောင်း၊ တယော၊ ခွက်ကွင်းကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်စရာဘို့၊ ဒါဝိဒ်နှင့်ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့် သော သူတို့စာရင်းဟူမူကား၊
Nehemiah 11:17အာသပ်၊ ဇာဗဒိ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိသည် ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့် ဆုတောင်း ခြင်းအမှုမှာ အကြီးလုပ်သော သူဖြစ်၏။ ဗာကဗုကိသည် အပေါင်းအဘော်တို့တွင် ဒုတိယသူဖြစ်၏။ ထိုမှတပါး၊ ယေဒုသုန်၊ ဂလာလ၊ ရှမွာတို့မှ ဆင်းသက်သော ဩဗဒိ ရှိ၏။
Psalms 134:1ထာဝရဘုရား၏ အိမ်တော်၌ ညဉ့်ယံစောင့် သော ထာဝရဘုရား၏ ကျွန်တော်အပေါင်းတို့၊ ထာဝရ ဘုရားကို ကောင်းကြီးပေးကြလော့။