ကောရိန္တုဩဝါဒစာပထမစောင် 14:1
ချစ်ခြင်းမေတ္တာကို မှီအောင်လိုက်ကြလော့။ ဝိညာဉ်ဆုကျေးဇူးတို့ကို အလွန်အလိုရှိသည်တွင်၊ ပရော ဖက်ပြုရသော အခွင့်ကိုသာ၍ လိုချင်သောစိတ်ရှိ ကြလော့။
1835 Judson Burmese Bible
In The King James Version
Follow after charity, and desire spiritual gifts, but rather that ye may prophesy.
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 14
Cross References
Proverbs 15:9မတရားသော သူလိုက်သောလမ်းကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်း တရား လမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။
Isaiah 51:1ဖြောင့်မတ်ခြင်းတရားသို့ လိုက်၍ ထာဝရ ဘုရားကို ရှာသောသူတို့၊ ငါ့စကားကို နားထောင်ကြ လော့။ သင်တို့ကို ခုတ်ယူရာ ကျောက်နှင့်၊ တူးယူရာ တွင်းဝကို ကြည့်ရှုကြလော့။
Romans 12:6ထိုသို့ပေးတော်မူသော ကျေးဇူးတော်အတိုင်း ငါတို့သည် အသီးသီးအပြားပြားသော ဆုများကိုခံရသည် ဖြစ်၍၊ ပရောဖက်အရာရှိလျှင်၊ ယုံကြည်ခြင်း၏ပမာဏကို ရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့။
1 Corinthians 12:1ညီအစ်ကိုတို့၊ သင်တို့သည် ဝိညာဉ်ဆုကျေးဇူး အကြောင်း များကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။
1 Corinthians 13:13ယခုတွင်ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက် ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်း၊ မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။
1 Corinthians 14:24သို့မဟုတ် သင်းဝင်သူ အပေါင်းတို့သည် ပရောဖက်ပြု၍ နေကြစဉ်တွင်၊ မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သင်းဝင်သူအပေါင်းတို့သည် သူ၏အပြစ်ကို ဘော်ပြ၍ သူ့ကို စစ်ကြောစီရင် ကြ၏။