ကောရိန္တုဩဝါဒစာပထမစောင် 4:21
သင်တို့သည် အဘယ်သို့ အလိုရှိသနည်း။ ငါသည်နှင်တံနှင့် သင်တို့ဆီသို့လာရမည်လော။ သို့မဟုတ် မေတ္တာနှင့် ၎င်း၊ နူးညံ့သိမ်မွေ့သော စိတ်နှင့်၎င်း၊ လာရမည်လော။
1835 Judson Burmese Bible
In The King James Version
What will ye? shall I come unto you with a rod, or in love, and in the spirit of meekness?
In Context
20အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် စကား၌ တည်သည်မဟုတ်၊ တန်ခိုး၌ တည်၏။
Read all of ကောရိန္တုဩဝါဒစာပထမစောင် 4
Cross References
2 Corinthians 1:23ငါသည်သင်တို့ကို သနားသောကြောင့်သာ ယခုတိုင်အောင် ကောရိန္သုမြို့သို့မလာဟု ငါစိတ်ဝိညာဉ် ဘက်၌ ဘုရားသခင်ကို ငါတိုင်တည်၏။
2 Corinthians 2:3ငါဝမ်းမြောက်ခြင်း၏ အကြောင်းသည် သင်တို့ ရှိသမျှ၏ ဝမ်းမြောက်ခြင်းအကြောင်းဖြစ်သည်ကို ငါသဘောကျသည်ဖြစ်၍၊ ငါရောက်သောအခါ ငါ့ကို ဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်း အကြောင်းကို မပြုစေခြင်းငှါ၊ အထက်စာကို ငါရေး၍ ပေးလိုက်၏။
2 Corinthians 10:1သင်တို့၏မျက်မှောက်၌နှိမ့်ချခြင်း၊ မျက်ကွယ်၌ သင်တို့ အမှုကိုစီရင်၍ ရဲရင့်ခြင်းရှိသော ငါပေါလုသည်၊ ခရစ်တော်၏နူးညံ့သိမ်မွေ့ဖြည်းညှင်းတော်မူခြင်းကို အကြောင်းပြ၍ သင်တို့ကိုတောင်းပန်ပါ၏။
2 Corinthians 10:8သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ်။ တည်ဆောက်ခြင်း အလိုငှါ သခင်ဘုရားသည် ငါတို့၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ၍ ဝါကြွားသော်လည်း၊ ရှက်ကြောက်စရာအကြောင်းမရှိ၊
2 Corinthians 13:2တဖန်ငါရောက်လာလျှင် သင်တို့ကိုမသနားရဟု ပြစ်မှားသော သူမှစ၍ကြွင်းသော သူအပေါင်းတို့အား အထက်က ငါပြောသည်သာမက၊ ယခုပင်သင်တို့နှင့်အတူ မရှိသော်လည်း၊ တဖန်ရှိဘိသကဲ့သို့ငါပြောနှင့်၏။
1 Thessalonians 2:7သင်တို့တွင် ဖြည်းညှင်းစွာပြုကြ၏။ သင်တို့ကို ချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေး ပြုစုသကဲ့သို့၊