ကောရိန္တုဩဝါဒစာပထမစောင် 8:13
သို့ဖြစ်၍၊ ငါ၏အစားအသောက်သည် ငါ့ညီအစ်ကိုကို မှားယွင်းစေလျှင်၊ ငါ့ညီအစ်ကို၌ မှားယွင်း စရာအကြောင်းမရှိစေခြင်းငှါ၊ အမဲသားကို အစဉ်မပြတ် ရှောင်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 8
Cross References
Romans 14:21အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်း ကိစ္စမှစ၍၊ ညီအစ်ကိုထိမိ၍ လဲစရာအကြောင်း၊ မှားယွင်း စရာအကြောင်း၊ အားနည်းစရာအကြောင်းများကို ရှောင်အပ်၏။
1 Corinthians 9:12အခြားသောသူတို့သည် သင်တို့ထံမှာ ထိုအခွင့် ကိုရလျှင် ငါတို့သည် သာ၍ရထိုက်သည်မဟုတ်လော။ သို့သော်လည်း ထိုအခွင့်ကို ငါတို့သည် မသုံးဘဲ၊ ခရစ်တော် ၏ ဧဝံဂေလိတရားကို ဆီးတားခြင်းအကြောင်း မရှိ စေခြင်းငှါ အရာရာ၌ သည်းခံကြ၏။
1 Corinthians 10:33ခပ်သိမ်းသောလူတို့၏ အလိုသို့အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့သည်လည်း ယုဒလူ၊ ဟေလသ လူ၊ ဘုရားသခင်၏ အသင်းတော်ဝင်သူတို့၌ ထိမိ၍ လဲစရာ အကြောင်းကို မပြုဘဲ၊
2 Corinthians 6:3တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ၊ ထိမိ၍လဲစရာအကြောင်း တစုံတခုကိုမျှမပြု။
2 Timothy 3:8ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကိုဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ယောင်ဆောင်သောသူဖြစ်ကြ၏။