ကောရိန္တုဩဝါဒစာပထမစောင် 9:10
သို့မဟုတ် ငါတို့ကြောင့်သာ ဤသို့ပညတ်တော်မူ သလော။ လယ်ထွန်သောသူသည် မြော်လင့်လျက် လယ်ထွန်စေခြင်းငှါ၎င်း၊ မြော်လင့်လျက် စပါးနင်းနယ် သောသူသည် မြော်လင့်သည်အတိုင်း ရစေခြင်းငှါ၎င်း၊ ငါတို့ကြောင့်သာဤသို့ ကျမ်းစာလာ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 9
Cross References
Matthew 24:22ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဘို့အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။
John 4:35ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည်မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။
Romans 15:4ငါတို့သည် ကျမ်းစာ၌ပါသောသည်းခံခြင်း၊ သက်သာခြင်း အကြောင်းများကိုအမှီပြု၍ မြော်လင့်ရ သော အခွင့်ရှိစေခြင်းငှါ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမဩဝါဒပေး၍ ရေးထား သတည်း။
2 Corinthians 4:15အများသောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်းသည်နှင့်၊ ထိုကြွယ်ဝသောကျေးဇူးတော်သည် ဘုရားသခင်၏ ဘုန်းသရေတော်ကို ထင်ရှားစေမည် အကြောင်း၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ အလို့ငှါဖြစ်သတည်း။