ရှင်ယောဟန်ဩဝါဒစာပထမစောင် 1:5
ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍၊ သင်တို့အား ပြသသောတရားစကားဟူမူကား၊ ဘုရား သခင်သည်အလင်း ဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။
1835 Judson Burmese Bible
In The King James Version
In Context
4သင်တို့၏ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါလည်း၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 1
Cross References
Psalms 27:1ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ့၏ အသက်ခိုလှုံရာဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း။
Psalms 84:11ထာဝရအရှင် ဘုရားသခင်သည် နေလည်း ဖြစ်တော်မူ၏။ အကွယ်အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာ ကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။
John 1:4ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။
John 8:12တဖန်တုံယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ၏။
John 12:35ယေရှုကလည်း၊ အလင်းသည် သင်တို့တွင်ခဏသာရှိ၏။ အလင်းရှိစဉ်အခါ သွားလာကြလော့။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့မှီလိမ့်မည်။ မှောင်မိုက်၌သွားသောသူသည် အဘယ်ဆီသို့မိမိသွား သည်ကိုမိမိမသိ။
1 Timothy 6:16ထိုဘုရား သခင်သည် ထာဝရဂုဏ်အသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။