ရှင်ယောဟန်ဩဝါဒစာပထမစောင် 3:6
ကိုယ်တော်၌တည်နေသောသူမည်သည်ကား၊ ဒုစရိုက်ကို မပြုတတ်၊ ဒုစရိုက်ကို ပြုတတ်သောသူ မည်သည်ကား၊ ကိုယ်တော်ကိုမသိ မမြင်ရသေး။
1835 Judson Burmese Bible
In The King James Version
Whosoever abideth in him sinneth not: whosoever sinneth hath not seen him, neither known him.
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 3
Cross References
2 Corinthians 3:18ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည့်အတိုင်း၊ ငါတို့သည် ဘုန်းအသရေ တိုးပွါး၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲ ခြင်း ရှိရကြ၏။
1 John 2:4ထိုသခင်ကို ငါသိ၏ဟုပညတ်တော်တို့ကို မစောင့်ဘဲလျက်ဆိုသောသူသည် မုသာကိုသုံးသောသူ ဖြစ်၍ ထိုသူ၌သစ္စာမရှိ။
1 John 3:2ချစ်သူတို့၊ ယခုတွင်ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ နောက်မှအဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတံ့။
1 John 4:8ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။
3 John 1:11အချင်းချစ်သူ၊ မကောင်းသောနည်းကို မလိုက်နှင့်၊ ကောင်းသောနည်းကိုသာလိုက်လော့။ ကောင်းသောအကျင့်ကို ကျင့်သောသူသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ မကောင်းသောအကျင့်ကို ကျင့်သောသူမူကား၊ ဘုရားသခင်ကို မသိမမြင်ရပြီ။