ရှင်ယောဟန်ဩဝါဒစာပထမစောင် 4:12
ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူး။ သို့သော်လည်း၊ အချင်းချင်းချစ်ကြလျှင်၊ ဘုရားသခင်သည် ငါတို့၌ တည်တော်မူ၍၊ ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံလျက်ရှိကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 4
Cross References
Exodus 33:20သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသော လူတစုံ တယောက်မျှမရှိဟူ၍၎င်း၊
John 1:18ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်း သောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
1 Timothy 1:17လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တဆူတည်းသောဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ရှိတော်မူစေသတည်း။ အာမင်။
Hebrews 11:27ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏။ အကြောင်းမူ ကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။
1 John 3:24ပညတ်တော်တို့ကို စောင့်သောသူသည် ဘုရားသခင်၌တည်၏။ ထိုသူ၌လည်း ဘုရားသခင် တည်တော်မူ၏။ ငါတို့အားပေးတော်မူသော ဝိညာဉ်တော်ကို ငါတို့သည်အမှီပြု၍၊ ဘုရားသခင်သည်ငါတို့၌ တည်တော်မူသည်ကိုသိရကြ၏။
1 John 4:17ထိုသို့ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောအားဖြင့်၊ တရားဆုံးဖြတ်တော်မူသောနေ့၌ ရဲရင့် ရသော အခွင့်ရှိကြလိမ့်မည်။ အကြောင်းမူကား၊ ငါတို့သည် ကိုယ်တော်၏နည်းတူ ဤလောက၌ဖြစ်ကြ၏။