ရှင်ယောဟန်ဩဝါဒစာပထမစောင် 5:3
ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲ သည်မဟုတ်။
1835 Judson Burmese Bible
In The King James Version
For this is the love of God, that we keep his commandments: and his commandments are not grievous.
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 5
Cross References
Deuteronomy 5:10ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သော သူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကို ပြသောဘုရား ဖြစ်၏။
Deuteronomy 10:12အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းတော်သို့ လိုက်သွား ခြင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊
Psalms 19:7ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။
Psalms 119:47အကျွန်ုပ်သည် နှစ်သက်သော ပညတ်တော်တို့၌မွေ့လျော်ပါမည်။
Psalms 119:127အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက် မက၊ ရွှေစင်ထက် သာ၍ နှစ်သက်ပါ၏။
Proverbs 3:17ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာ လမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏။