2 ဓမ္မရာဇဝင်တတိယစောင် 1:6
ခမည်းတော်က၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သူ့စိတ်နာအောင် တခါမျှမပြောစဖူး။ ထိုသူသည် အဆင်းလည်း အလွန်လှ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 1
Cross References
1 Samuel 9:2ထိုသူ၌ ရှောလုအမည်ရှိသော သားတယောက်ရှိ၏။ ထိုသားသည် အဆင်းလှ၍ ထူးဆန်းသော သူဖြစ်၏။ ဣသရေလအမျိုးသားတို့တွင် ထိုသူထက်သာ၍ အဆင်းလှသော သူတယောက်မျှ မရှိ။ သူသည် အခြားသောသူထက် ပခုံးအထက်မှာ အရပ်သာ၍ မြင့်၏။
2 Samuel 3:3ဒုတိယသားကား၊ နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလတွင်မြင်သောသား ခိလပ်တည်း။ တတိယသားကား၊ ဂေရှုရိရှင်ဘုရင်တာလမဲ သမီးမာခါ၏သား အဗရှလုံတည်း။
1 Chronicles 3:2တတိယသားကား၊ ဂေရှုရရှင်ဘုရင် တာလမဲ သမီးမာခါ၏သား အဗရှလုံတည်း။ စတုတ္ထသားကား၊ ဟဂ္ဂိတ်၏သား အဒေါနိယတည်း။
Proverbs 23:13သူငယ်ကို မဆုံးမဘဲမနေနှင့်။ ကြိမ်လုံးနှင့်ရိုက် သော်လည်း သူသည် မသေ။
Hebrews 12:5ထိုမှတပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏အပြစ်ကို စစ်ဆေး တော်မူသောအခါ စိတ်မပျက်နှင့်။