2 ဓမ္မရာဇဝင်တတိယစောင် 15:26
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ခမည်းတော်လိုက်သောလမ်း၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
25ယုဒရှင်ဘုရင် အာသနန်းစံနှစ်နှစ်တွင်၊ ယေရောဗောင်သား နာဒဒ်သည် ဣသရေလနိုင်ငံ၌ မင်းပြု၍ နှစ်နှစ်စိုးစံ၏။
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 15
Cross References
Genesis 20:9အာဗြဟံကိုလည်း အဘိမလက်ခေါ်၍၊ သင် သည် ငါတို့၌ အဘယ်သို့ ပြုသနည်း။ သင့်ကိုငါတို့သည် အဘယ်သို့ပြစ်မှားသောကြောင့်၊ သင်သည် ငါ၌၎င်း ငါ့နိုင်ငံ၌၎င်း၊ ကြီးစွာသော အပြစ်ကိုရောက်စေသနည်း။ သင်သည် မပြုအပ်သောအမှုကို ငါ၌ပြုပါသည်တကားဟု ဆိုလေ၏။
1 Samuel 2:24မကောင်းဘူးငါ့သားတို့။ ငါကြားသော သိတင်းသည် ကောင်းသော သိတင်းမဟုတ်။ ထာဝရဘုရား ၏ လူတို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ပြုကြသည် တကား။
1 Kings 13:33ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ၌ ထပ်၍ ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်ချင်သောသူ ရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။
1 Kings 15:30အကြောင်းမူကား၊ ယေရောဗောင်သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့်ဣသရေလအမျိုးကို လည်းပြစ်မှား စေသော အပြစ်အားဖြင့်၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော် သောအကြောင်းတည်း။
1 Kings 16:7ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသော အပြစ်ကြောင့် ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏ သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ၊
1 Kings 16:25ဩမရိသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသဖြင့်၊ မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်း ထက်သာ၍ ဆိုးညစ်၏။