2 ဓမ္မရာဇဝင်တတိယစောင် 21:27
သို့ရာတွင် ဧလိယဆင့်ဆိုသော စကားတော်ကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍လျှော်တေအဝတ်ကို ဝတ်၏။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်၌ အိပ်ခြင်း ကို ပြု၍ ဖြည်းဖြည်းသွားလာ၏။
1835 Judson Burmese Bible
In The King James Version
In Context
28ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် တိရှဘိမြို့သား ဧလိယသို့ ရောက်လာသည်ကား၊
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 21
Cross References
Exodus 33:4ထို မကောင်းသော သိတင်းကို လူများတို့သည်ကြားသောအခါ၊ ငိုကြွေးမြည်တမ်းလျက်၊ အဘယ်သူမျှ တန်ဆာမဆင်ဘဲနေကြ၏။
2 Samuel 12:16ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ၏။ အစာကိုရှောင်လျက်၊ အထဲသို့ဝင်၍ တညဉ့်လုံးမြေပေါ်မှာ အိပ်လျက်နေ၏။
2 Kings 18:37ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အာသပ်သားအတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကို ဆုတ်လျက်၊ ဟေဇကိမင်းထံသို့လာ၍ ရာဗရှခ စကားကိုကြားလျှောက်ကြ၏။
1 Chronicles 21:16ဒါဝိဒ်သည် မျှော်ကြည့်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန် သည်ယေရုရှလင်မြို့အပေါ် မှာထား ကို မိုးလျက်မိုဃ်းကောင်းကင်နှင့် မြေကြီးကြားမှာ ရပ်နေ သည်ကိုမြင်လျှင်၊ ကိုယ်တိုင်မှစ၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက် မြေပေါ်မှာ ပြပ်ဝပ်လျက်နေကြ၏။
Isaiah 22:12ထိုကာလ၌ ငိုကြွေးမြည်တမ်းခြင်း၊ ဆံပင်ကို ပယ်ဖြတ်ခြင်း၊ လျှော်တေအဝတ်ကို ဝတ်စည်းခြင်း အလို ငှါ၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း၊
Isaiah 58:5ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့ သော လက္ခဏာရှိသလော။ လူသည် တရက်တွင် ခြိုးခြံစွာ ကျင့်ခြင်း၊ ကိုင်းပင်ကဲ့သို့ ဦးချခြင်း၊ အိပ်ရာဘို့ လျော်တေ နှင့်ပြာကို ခင်းခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင်ခြင်း ဟူ၍၎င်း၊ ထာဝရဘုရားနှစ်သက်တော်မူသော နေ့ရက် ဟူ၍၎င်း မှည့်အပ်သလော။