2 ဓမ္မရာဇဝင်တတိယစောင် 21:4
ဘိုးဘေးမှ အမွေခံသော မြေကို မပေးရဟု ယေဇရေလမြို့သား နာဗုတ်လျှောက်သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူးသော စိတ်နှင့် ညှိုးငယ်လျက်၊ နန်းတော်သို့သွား၍ အစာကိုမစား၊ မျက်နှာကို လွှဲ၍သာလွန်ပေါ်မှာ အိပ်လျက်နေ၏။
1835 Judson Burmese Bible
In The King James Version
In Context
5ခင်ပွန်းယေဇဗေလသည်လာ၍၊ အစာကို မစားနိုင်အောင် စိတ်တော်သည် အဘယ်ကြောင့် ညှိုးငယ် တော်မူသနည်းဟုမေးလျှင်၊
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 21
Cross References
Numbers 22:13နံနက်ရောက်မှ၊ ဗာလမ်သည် ထ၍ သင်တို့သည် ကိုယ်ပြည်သို့ ပြန်သွားကြပါလော့။ သင်တို့နှင့်အတူ ငါလိုက်ရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူဟု ဗာလက်မင်းစေလွှတ်သော အရာရှိတို့အား ပြန်ပြော လေ၏။
2 Samuel 13:4ကိုယ်တော်သည် ရှင်ဘုရင်၏ သားတော်ဖြစ်လျက် အဘယ်ကြောင့် တနေ့ထက်တနေ့ ပိန်ချုံးတော်မူ သနည်း။ ကျွန်တော်ကို မပြောချင်သလောဟု မေးလျှင်၊ အာမနုန်က၊ ငါ့ညီအဗရှလုံ၏ နှမတာမာကို တပ်သော စိတ်ရှိသည်ဟု ပြန်ပြော၏။
1 Kings 21:3နာဗုတ်က၊ ဘိုးဘေးလက်မှ အမွေခံသောမြေကို ကိုယ်တော်အား ပေးရသောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု ပြန်လျှောက်၏။
Job 5:2ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။
Ecclesiastes 7:8အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သော သဘောရှိသောသူသည် မာနကြီး သော သူထက်သာ၍ကောင်း၏။
Jonah 4:1ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက် သဖြင့်၊ အို ထာဝရဘုရား၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်သည် ကိုယ်ပြည်၌ရှိစဉ်၊ ဤသို့ပြောပါပြီမဟုတ် လော။ ထိုကြောင့်၊ ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား၍ ပြေးပါ၏။