The Bible Software
bible.software › 2 ဓမ္မရာဇဝင်တတိယစောင် › 2 ဓမ္မရာဇဝင်တတိယစောင် 8 › 2 ဓမ္မရာဇဝင်တတိယစောင် 8:20

2 ဓမ္မရာဇဝင်တတိယစောင် 8:20

ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ်၏ အရိပ် အရာကိုခံရ၍၊ ထာဝရဘုရားဂတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသ ရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော် အဘို့အိမ်တော်ကို တည်ဆောက်လေပြီ။

1835 Judson Burmese Bible

In The King James Version

And the LORD hath performed his word that he spake, and I am risen up in the room of David my father, and sit on the throne of Israel, as the LORD promised, and have built an house for the name of the LORD God of Israel.

In Context

19သို့သော်လည်းသင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဘို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော် ဒါဝိဒ်အား မိန့်တော်မူ၏။

21ငါတို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ၊ ထာဝရ ဘုရားနှုတ်ဆောင်သောအခါ၊ သူတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာတော်ထားရာ အရပ်ကို ထိုအိမ်တော်၌ လုပ်လေပြီဟု မြွက်ဆို၏။

Read all of 2 ဓမ္မရာဇဝင်တတိယစောင် 8

Cross References

Joshua 21:45ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ မိန့်တော်မူသော ကောင်းကျိုးတစုံတပါးမျှမလျော့၊ ရှိသမျှ တို့သည် ပြည့်စုံကြ၏။

1 Kings 8:15ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊

1 Chronicles 28:6ငါ့အားလည်း သင့်သားရှောလမုန်သည် ငါ့အိမ် နှင့်ငါ့တန်တိုင်းတို့ကို တည်ရမည်။ ငါသည်ထိုသူကို သား အရာ၌ခန့်ထားခြင်းငှါ ရွေးကောက်ပြီ။ ငါသည် သူ၏ အဘဖြစ်မည်။

Psalms 138:2သန့်ရှင်းသော ဗိမာန်တော်သို့ မျက်နှာပြုလျက် ပြပ်ဝပ်ကိုးကွယ်၍၊ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား၊ ဂတိတော် ကိုသိတင်းတော်ရှိသမျှထက် ချီးမြှောက်တော်မူပြီ။

Jeremiah 29:10တဖန်မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ဂတိကောင်းကိုတည်စေ၍၊ သင်တို့ကို ဤပြည်သို့ငါပို့ဆောင်ဦးမည်။

Ezekiel 37:14အသက်ရင်စေခြင်းငှါ ငါသည် ကိုယ်အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့် မည်။ ငါထာဝရဘုရားပြောသည်အတိုင်း ပြည့်စုံကြောင်း ကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ဓမ္မရာဇဝင်တတိယစောင် 8:20

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ဓမ္မရာဇဝင်တတိယစောင် 8:192 ဓမ္မရာဇဝင်တတိယစောင် 82 ဓမ္မရာဇဝင်တတိယစောင် 8:21 →