2 ဓမ္မရာဇဝင်တတိယစောင် 9:21
ပြည်တော်၌ကျန်ကြွင်းသော တပါးအမျိုးသား၊ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးအနွယ် သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် လူခွဲ၍ ကျွန်ခံစေ၏။
1835 Judson Burmese Bible
In The King James Version
In Context
20ဣသရေလအမျိုးသား အကုန်အစင် မဖျက်ဆီးနိုင်သောကြောင့်၊
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 9
Cross References
Genesis 9:25ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေဟုဆို၏။
Joshua 16:10ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ် ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ၍ အခွန်ပေးရကြ၏။
Joshua 17:16ယောသပ်အမျိုးသားတို့ကလည်း၊ ဧဖရိမ်တောင် သည် အကျွန်ုပ်တို့အဘို့ မလောက်ပါ။ ချိုင့်အရပ်ဗက်ရှန် မြို့ရွာတို့၌၎င်း၊ ယေဇရေလချိုင့်၌၎င်း နေသော ခါနနိလူ အပေါင်းတို့သည် သံရထားနှင့် ပြည့်စုံပါသည်ဟု လျှောက် ပြန်လျှင်၊
Judges 1:27မနာရှေအမျိုးသည်၊ ဗက်ရှန်မြို့ရွာများ၊ တာနက်မြို့ရွာများ၊ ဒေါရမြို့ရွာများ၊ ဣဗလံမြို့ရွာများ၊ မေဂိဒ္ဒေါမြို့ရွာများ၌ နေသောသူတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် အနိုင်နေကြ၏။
Judges 2:20ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်၊ ဤလူတို့သည် ငါ့စကားကို နားမထောင်။ သူတို့ ဘိုးဘေးတို့နှင့် ငါဖွဲ့သော ပဋိညာဉ်ကို ဖျက်သောကြောင့်၊
1 Kings 9:15ရှောလမုန်မင်းကြီးသည် ငွေခွဲရသောအကြောင်းဟူမူကား၊ ဗိမာန်တော်၊ နန်းတော်၊ မိလ္လောမြို့၊ ယေရုရှလင်မြို့ရိုး၊ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့ ဂေဇာမြို့တို့ကို တည်ဆောက်ခြင်းငှါ ငွေခွဲရသတည်း။