The Bible Software
bible.software › 2 ဓမ္မရာဇဝင်တတိယစောင် › 2 ဓမ္မရာဇဝင်တတိယစောင် 9 › 2 ဓမ္မရာဇဝင်တတိယစောင် 9:6

2 ဓမ္မရာဇဝင်တတိယစောင် 9:6

သို့မဟုတ်သင်နှင့် သင်၏သားမြေးတို့သည် ငါ့နောက်သို့မလိုက်၊ လမ်းလွှဲလျက် ငါမှာထားသော စီရင် ထုံးဖွဲ့ချက်တို့ကို မစောင့်၊ အခြားတပါးသော ဘုရားထံသို့ သွား၍ ဝတ်ပြုကိုးကွယ်လျှင်၊

1835 Judson Burmese Bible

In The King James Version

But if ye shall at all turn from following me, ye or your children, and will not keep my commandments and my statutes which I have set before you, but go and serve other gods, and worship them:

In Context

5ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ် အား ငါဂတိရှိသည်အတိုင်း၊ သင်ထိုင်ရသော ဣသရေလ နိုင်ငံ၏ရာဇပလ္လင်ကို အစဉ်ငါတည်စေမည်။

7ဣသရေလအမျိုးကို ငါပေးသောပြည်မှ ငါပယ်ဖြတ်မည်။ ငါ့နာမဘို့ ငါသန့်ရှင်းစေသော ဤအိမ်တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ ဣသရေလအမျိုးသည် လည်း တပါးအမျိုးသားတို့တွင် ပုံခိုင်းရာ ကဲ့ရဲ့ရာဖြစ်ရ လိမ့်မည်။

Read all of 2 ဓမ္မရာဇဝင်တတိယစောင် 9

Cross References

Joshua 23:15သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း၊ ကောင်းကျိုးအပေါင်းတို့သည် သင်တို့အပေါ်၌ ရောက်သကဲ့သို့၊ ထိုအတူ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ဤကောင်း မွန်သောပြည်မှ သင်တို့ကို သုတ်သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင်၊ ထာဝရဘုရားသည် သင်တို့အပေါ်၌ ဘေး ဥပဒ်အပေါင်းတို့ကို ရောက်စေတော်မူမည်။

1 Samuel 2:30ထိုသို့ပြုသောကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့် အမျိုး၊ သင့်အဘ၏အမျိုးသည် ငါ့ရှေ့မှာအစဉ် သွားလာရလိမ့်မည်ဟု ငါဆိုမိသော်လည်း၊ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုဂတိသည် ငါနှင့်ဝေးပါစေ။ ငါ့ကို ချီးမြှောက်သော သူတို့ ကို ငါချီးမြှောက်မည်။ ငါ့ကို မထီမဲ့မြင်ပြုသော သူတို့သည် ဂုဏ်သရေ ပျက်ကြလိမ့်မည်။-

1 Kings 11:4ရှောလမုန်သည် အသက်ကြီးသောအခါ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတပါးသော ဘုရား နောက်သို့ လွဲစေသဖြင့်၊ စိတ်နှလုံးတော်သည် ခမည်းတော် ဒါဝိဒ်၏ စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းမရှိ။

2 Kings 22:17အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ ကြပြီ။ ထိုကြောင့်ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲ လောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။

2 Chronicles 7:19သို့မဟုတ်သင်တို့သည် လမ်းလွဲ၍ ငါမှာထား သော စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်သဖြင့်၊ အခြား တပါးသော ဘုရားထံသို့သွား၍ ဝတ်ပြုကိုးကွယ်လျင်၊

Psalms 89:30သူ၏သားမြေးတို့သည် ငါ့တရားကို စွန့်ပယ်၍၊ ငါ၏စီရင်ချက်တို့ကို မကျင့်၊

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ဓမ္မရာဇဝင်တတိယစောင် 9:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ဓမ္မရာဇဝင်တတိယစောင် 9:52 ဓမ္မရာဇဝင်တတိယစောင် 92 ဓမ္မရာဇဝင်တတိယစောင် 9:7 →