bible.software › 2 ဓမ္မရာဇဝင်ပထမစောင် › 2 ဓမ္မရာဇဝင်ပထမစောင် 10 › 2 ဓမ္မရာဇဝင်ပထမစောင် 10:2
2 ဓမ္မရာဇဝင်ပထမစောင် 10:2
ယနေ့ ငါနှင့်ကွာ၍ သွားသောအခါ၊ ဗင်္ယာမိန်ခရိုင်စွန်း၊ ဇေလဇရွာ၊ ရာခေလသင်္ချိုင်းအနားမှာ လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က၊ သင်သွား၍ ရှာသောမြည်းတို့ကို တွေ့ပြီ။ သင်၏ အဘသည် မြည်းတို့ကို အမှုမထား၊ ငါ့သားအဘို့ အဘယ်သို့ ပြုရပါမည်နည်းဟု ဆိုလျက် စိုးရိမ်ကြောင်းကို ပြောကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
When thou art departed from me to day, then thou shalt find two men by Rachel’s sepulchre in the border of Benjamin at Zelzah; and they will say unto thee, The asses which thou wentest to seek are found: and, lo, thy father hath left the care of the asses, and sorroweth for you, saying, What shall I do for my son?
In Context
1ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်မှာ လောင်းလေ၏။ တဖန် သူ့ကိုနမ်းသဖြင့်၊ ထာဝရဘုရားသည် သင့်ကို အမွေတော်လူမျိုး၏ မင်းအရာ၌ ခန့်ထား၍ ဆီလောင်ခြင်း ဘိသိက်ကိုပေးတော်မူ၏။
3ထိုအရပ်မှ လွန်၍ တာဗော်လွင်ပြင်သို့ ရောက်လျှင်၊ ဆိတ်သငယ်သုံးကောင်ကို ဆောင်သောသူ တယောက်၊ မုန့်သုံးလုံးကို ဆောင်သော သူတယောက်၊ စပျစ်ရည်ဘူးကိုဆောင်သောသူ တယောက်တည်းဟူသော ဗေသလမြို့ ဘုရားသခင့် ထံတော်သို့ သွားသောသူသုံးယောက်တို့နှင့် သင်သည် တွေ့ကြုံလိမ့်မည်။
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 10
Cross References
Genesis 35:19ရာခေလသေ၍၊ ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့ သွားသော လမ်းခရီးတွင်၊ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။
Joshua 18:28ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင်မြို့တည်းဟူ သော ယေဗုသိမြို့၊ ဂိဗက်မြို့၊ ကိရယတ်မြို့၊ ရွာနှင့်တကွ ဆယ်လေးမြို့တည်း။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက်ခံရသော အမွေတည်း။
1 Samuel 10:16မြည်းတို့ကို တွေ့ပြီဟု ရှမွေလသည် အတပ်ပြောကြောင်းကိုသာ ရှောလုသည် ဘထွေးအာ ပြန်ပြော ၍၊ ရှမွေလပြောသော နိုင်ငံအမှုအရေးကို ဘထွေးအား မကြားမပြောဘဲနေ၏။
This Verse In Other Editions
Study 2 ဓမ္မရာဇဝင်ပထမစောင် 10:2