2 ဓမ္မရာဇဝင်ပထမစောင် 18:13
အထံတော်မှ ရွှေ့၍ လူတထောင်အုပ်အရာကို ပေး၏။ ဒါဝိဒ်သည် လူများရှေ့၌ ထွက်ဝင်ရ၏။
1835 Judson Burmese Bible
In The King James Version
In Context
14ဒါဝိဒ်သည် အရာရာ၌ သတိပညာနှင့်ပြုမူ၍ သူနှင့်အတူ ထာဝရဘုရားရှိတော်မူ၏
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 18
Cross References
Numbers 27:16မောရှေကလည်း၊ ထာဝရဘုရား၏ ပရိသတ် တို့သည် အထိန်းမရှိသော သိုးကဲ့သို့ မဖြစ်မမည် အကြောင်း၊ ခပ်သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ် ကို အစိုးရတော်မူသော ဘုရားသခင် ထာဝရဘုရားသည်၊ ဤပရိသတ်တို့ရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ပြင်သို့ ထုတ် ခြင်း၊ အတွင်းသို့ သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစုံတယောက်ကို သူတို့အပေါ်မှာ ခန့်ထားတော်မူပါစေ သောဟု ထာဝရဘုရားအား လျှောက်လေ၏။
1 Samuel 18:16ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ကို ချစ်ကြ၏။ အကြောင်းမူကား၊ သူတို့ ရှေ့၌ ဒါဝိဒ်သည် ထွက်ဝင်တတ်၏။
1 Samuel 22:7အို ဗင်္ယာမိန် အမျိုးသားတို့၊ ယေရှဲ၏သားသည် လယ်များ၊ စပျစ်ဥယျာဉ်များကို သင်တို့ရှိသမျှ၌ ဝေပေးနိုင်သလော။ သင်တို့ရှိသမျှကို လူတထောင်အုပ်၊ တရာအုပ်အရာ၌ ခန့်ထားနိုင်သလော။
Psalms 121:8ထာဝရဘုရားသည် သင်၏ ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်အပြတ် စောင့်တော်မူ လိမ့်မည်။