bible.software › 2 ဓမ္မရာဇဝင်ပထမစောင် › 2 ဓမ္မရာဇဝင်ပထမစောင် 30 › 2 ဓမ္မရာဇဝင်ပထမစောင် 30:21
2 ဓမ္မရာဇဝင်ပထမစောင် 30:21
မော၍ ဒါဝိဒ်နောက်သို့ မလိုက်နိုင်၊ ဗေသော်ချောင်းနားမှာ နေရစ်သော လူနှစ်ရာရှိရာသို့ ဒါဝိဒ်ရောက်၍၊ သူတို့သည် ဒါဝိဒ်နှင့်သူ့၌ ပါသောလူတို့ကို ခရီးဦးကြိုပြုလိုသောငှါ ထွက်လာသဖြင့်၊ ဒါဝိဒ်သည် အနီးသို့ရောက်သောအခါ သူတို့ကို နှုတ်ဆက်လေ၏။
1835 Judson Burmese Bible
In The King James Version
And David came to the two hundred men, which were so faint that they could not follow David, whom they had made also to abide at the brook Besor: and they went forth to meet David, and to meet the people that were with him: and when David came near to the people, he saluted them.
In Context
20ဒါဝိဒ်သည်လည်း ထိုသိုးနွားများရှေ့မှာ အရင်နှင်သော သိုးနွားအပေါင်းတို့ကိုလည်း ယူ၍၊ ဤဥစ္စာသည် ဒါဝိဒ်ပိုင်သော လက်ရဥစ္စာ ဖြစ်သည်ဟုဆို၏။
22ဒါဝိဒ်နှင့် လိုက်သွားသောသူတို့တွင် အဓမ္မလူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မလိုက်သောကြောင့်၊ ငါတို့ရသော ဥစ္စာတို့တွင် သူတို့သားမယားမှတပါး အခြားသော ဥစ္စာကို သူတို့အားမပေးရ။ ကိုယ်သားမယားကို ယူ၍ ထွက်သွားကြစေဟု ဆိုကြ၏။
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 30
Cross References
1 Samuel 17:18ဤဒိန်ခဲဆယ်လုံးကိုလည်း ယူ၍ သူတို့တပ်မှူးအား ဆက်လော့။ သင့်အစ်ကိုတို့သည် ကျန်းမာခြင်း ရှိသည် မရှိသည်ကို ကြည့်ရှုပြီးမှ၊ သူတို့ထံမှာ သက်သေတစုံတခုကို ခံယူလော့ဟုမှာလိုက်လေ၏။
1 Samuel 30:10ဒါဝိဒ်နှင့် လူလေးရာတို့သည် လိုက်ကြ၏။
1 Peter 3:8အချုပ်အခြာစကားဟူမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာ ခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။
This Verse In Other Editions
Study 2 ဓမ္မရာဇဝင်ပထမစောင် 30:21