ရာဇဝင်ချုပ်ပထမစောင် 10:1
ဣသရေလအမျိုးသားအပေါင်းတို့သည် ရော ဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ရှေခင်မြို့ သို့သွား၍၊ သူသည်လည်း သွား၏။
1835 Judson Burmese Bible
In The King James Version
And Rehoboam went to Shechem: for to Shechem were all Israel come to make him king.
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 10
Cross References
Genesis 12:6အာဗြံသည် ထိုပြည်ကို ရှောင်သွား၍ ရှိခင်အရပ်၊ မောရသပိတ်ပင်သို့ ရောက်လေ၏။ ထိုအခါ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည်၌ ရှိကြရ၏။
Joshua 20:7သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ် မှာ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့၊ ယုဒ တောင်ပေါ်မှာ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို၎င်း၊
Judges 9:1ယေရုဗ္ဗာလသား အဘိမလက်သည် ရှေခင်မြို့သို့ သွား၍ ဦးရီးများ၊ အမိ၏အဆွေအမျိုးများအပေါင်း တို့နှင့် နှုတ်ဆက်လျက်၊
1 Kings 12:1ဣသရေလအမျိုးသားအပေါင်းတို့သည် ရောဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ၊ ရှေခင်မြို့သို့သွားကြ၍ သူသည်လည်း သွား၏။
1 Chronicles 12:38စစ်အခင်းအကျင်းမပျက်၊ တိုက်တတ်သောသူ၊ အထက်ဆိုခဲ့ပြီး သောသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ကြည်ညိုသော စိတ်အားကြီး၍ ဟေဗြုန်မြို့သို့ လာကြ၏။ ကျန်ကြွင်း သော ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ချင်သော စိတ်သဘော တညီ တညွတ်တည်း ရှိကြ၏။
Matthew 1:7ရှောလမုန်သား ရောဗောင်။ ရောဗာင်သား အဘိယ။ အဘိယာသား အာသ။