The Bible Software
bible.software › ရာဇဝင်ချုပ်ပထမစောင် › ရာဇဝင်ချုပ်ပထမစောင် 10 › ရာဇဝင်ချုပ်ပထမစောင် 10:16

ရာဇဝင်ချုပ်ပထမစောင် 10:16

ဣသရေလအမျိုးသား အပေါင်းတို့သည် ရှင်ဘုရင်နားမထောင်ကြောင်းကိုသိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့် အဘယ်သို့ ဆက်ဆံသနည်း။ ယေရှ၏သားနှင့် အဘယ်သို့အမွေခံရသေးသနည်း။ အိုဣသရေလအမျိုး၊ သင်တို့နေရာသို့ အသီးသီးသွားကြ။ အိုဒါဝိဒ်၊ သင်၏ အိမ်ကိုကြည့်ရှုလော့ဟု ရှင်ဘုရင်အား ပြန်ပြောလျက်၊ ဣသရေလလူအပေါင်းတို့သည် မိမိတို့ နေရာသို့ ပြန်သွား ကြ၏။

1835 Judson Burmese Bible

In The King James Version

And when all Israel saw that the king would not hearken unto them, the people answered the king, saying, What portion have we in David? and we have none inheritance in the son of Jesse: every man to your tents, O Israel: and now, David, see to thine own house. So all Israel went to their tents.

In Context

15ရှင်ဘုရင်သည် ပြည်သားတို့စကားကို နား မထောင်ရသည် အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ်၏သား ယေရောဗောင်အား မိန့်တော်မူသော စကားကိုပြည့်စုံစေ တော်မူမည်အကြောင်းတည်း။

17သို့ရာတွင် ယုဒမြို့ရွာတို့၌ နေသော ဣသရေလ လူတို့ကို၊ ရောဗောင်သည် အုပ်စိုးရသေး၏။

Read all of ရာဇဝင်ချုပ်ပထမစောင် 10

Cross References

1 Samuel 20:27နက်ဖြန်နေ့ လဆန်းနှစ်ရက်နေ့၌ ဒါဝိဒ်၏ နေရာထိုင်ရာသည် လပ်သောကြောင့် ရှောလုက၊ ယေရှဲသားသည် စားပွဲတော်သို့ မနေ့ကမလာ၊ ယနေ့လည်း မလာဘဲ အဘယ်ကြောင့်နေသနည်းဟု သားတော် ယောနသန်အား မေးလျှင်၊

1 Samuel 22:7အို ဗင်္ယာမိန် အမျိုးသားတို့၊ ယေရှဲ၏သားသည် လယ်များ၊ စပျစ်ဥယျာဉ်များကို သင်တို့ရှိသမျှ၌ ဝေပေးနိုင်သလော။ သင်တို့ရှိသမျှကို လူတထောင်အုပ်၊ တရာအုပ်အရာ၌ ခန့်ထားနိုင်သလော။

1 Samuel 22:13ရှောလုကလည်း၊ သင်နှင့် ယေရှဲ၏သားသည် အဘယ်ကြောင့် ငါ့တဘက်၌ သင်းဖွဲ့ကြသနည်း။သူသည် ယနေ့ပြုသည့်အတိုင်း ငါ့ကို ပုန်ကန်စေခြင်းငှါ သင်သည် မုန့်နှင့်ထားကို ပေး၍ သူအဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းပြီတကားဟု ဆိုသော်၊

2 Samuel 15:13သိတင်းပြောသောသူတယောက်သည် ဒါဝိဒ်ထံ သို့လာ၍၊ ဣသရေလအမျိုးသားတို့၏ စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ၏။

2 Samuel 20:1ထိုအခါ ဗင်္ယာမိန်အမျိုးဗိခရိ၏သားရှေဘ အမည်ရှိသော အဓမ္မလူတယောက်ရှိ၏။ ထိုသူသည် တံပိုးမှုတ်၍၊ အိုဣသရေလအမျိုး၊ ငါတို့သည် ဒါဝိဒ်၌ တဘို့ကိုမျှ မဆိုင်။ ယေရှဲ၏သားကို အမွေမခံထိုက်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ သွားကြဟုဆိုသဖြင့်၊

1 Kings 11:34သို့ရာတွင် နိုင်ငံတော်ကို သူ၏လက်မှ ငါမနှုတ်သေး။ ငါရွေးကောက်၍ ငါ့ပညတ်တရားတို့ကို စောင့် ရှောက်သော ငါ့ကျွန်ဒါဝိဒ်အတွက်၊ သားရှောလမုန်သည် တသက်လုံးစိုးစံစေခြင်းငှါ ငါအခွင့်ပေး၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ရာဇဝင်ချုပ်ပထမစောင် 10:16

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ရာဇဝင်ချုပ်ပထမစောင် 10:15ရာဇဝင်ချုပ်ပထမစောင် 10ရာဇဝင်ချုပ်ပထမစောင် 10:17 →