ရာဇဝင်ချုပ်ပထမစောင် 11:4
သင်တို့ညီအစ်ကိုတို့ကို စစ်တိုက်ခြင်းငှါ ချီ၍ မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွား ကြလော့။ ဤအမှုကိုငါစီရင်ပြီဟု မိန့်တော်မူသော ထာဝရဘုရား၏ စကားတော်ကိုနားထောင်၍၊ ယေရော ဗောင်ကို စစ်မချီ၊ ပြန်သွားကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
5ရောဗောင်သည် ယေရုရှလင်မြို့၌နေ၍၊ ယုဒပြည် ၌ ခိုင်ခံ့သောမြို့ တို့ကိုပြုစုရာတွင်၊
Read all of ရာဇဝင်ချုပ်ပထမစောင် 11
Cross References
Genesis 13:8အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက်၊ ငါနှင့် သင်၌၎င်း၊ ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌၎င်း၊ ခိုက်ရန်မရှိပါစေနှင့်။
2 Samuel 2:26ထိုအခါအာဗနာက၊ ယွာဘကိုဟစ်၍၊ ထားသွားသည် အစဉ်မပြတ် ကိုက်စားရမည်လော။ နောက်ဆုံး၌ ခါးသောအရသာကို တွေ့လိမ့်မည်ဟုမသိသော။ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်၊ ပြန်စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံးမစီရင်ဘဲ နေမည် နည်းဟုဆိုလျှင်၊
1 Kings 22:36လူအပေါင်းတို့၊ ကိုယ်နေသော မြို့ပြည်သို့ ပြန်သွားကြဟု နေဝင်သောအခါ တတပ်လုံးကို ကြွေး ကြော်လေ၏။
2 Chronicles 25:7သို့ရာတွင် ဘုရားသခင်၏လူတယောက်သည် လာ၍ အိုမင်းကြီး၊ ဣသရေလတပ်ကိုမလိုက်စေနှင့်။ ထာဝရဘုရားသည် ဣသရေလလူတည်း ဟူသောဧဖရိမ် အမျိုးသား အပေါင်းတို့နှင့်အတူ ရှိတော်မမူ။
Psalms 33:11ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍၊ စိတ်နှလုံးတော်၏ အကြံအစည် တို့သည် သားစဉ်မြေဆက်အဆုံးတိုင် အောင်တည်ကြ လိမ့်မည်။
Acts 7:26နက်ဖြန်နေ့၌ အချင်းချင်း ခိုက်ရန်ပြုကြသော သူတို့ရှိရာသို့ သွား၍၊ အချင်းလူတို့၊ ညီအစ်ကိုချင်း ဖြစ်လျက်နှင့် အဘယ်ကြောင့် တယောက်ကိုတယောက် ညှဉ်းဆဲကြသနည်းဟု ဆို၍ ရန်ငြိမ်းရာသို့ သွေးဆောင် သည်ရှိသော်၊