ရာဇဝင်ချုပ်ပထမစောင် 12:9
အဲဂုတ္တုရှင်ဘုရင် ရှိရှက်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ဗိမာန်တော်ဘဏ္ဍနှင့် နန်းတော်ဘဏ္ဍာရှိသမျှ ကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 12
Cross References
1 Kings 10:16ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုတ်လုပ်၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သောနန်းတော်၌ ထားတော်မူ၏။
1 Kings 15:18ထိုအခါ ကျန်ကြွင်းသော ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို အာသ သည်ယူ၍ မိမိကျွန်တို့၌ အပ်သဖြင့်၊ ဒမာသက်မြို့မှာ နေသောရှုရိရှင်ဘုရင် ရေဇုန်သား တာဗရိမုန်၏သား ဗင်္ဟာဒဒ်ထံသို့ပေးလိုက်၍၊
2 Kings 18:15ဟေဇကိသည်ဗိမာန်တော်၌၎င်း၊ နန်းတော် ဘဏ္ဍာတိုက်၌၎င်း၊ တွေ့သမျှသောငွေကိုပေး၏။
Lamentations 1:10ရန်သူသည် ကိုယ်ကိုချီးမြှောက်ပါပြီ။ ပရိသတ် တော်ထဲသို့ မဝင်ရဟုမြစ်တားတော်မူသော် သာသနာ ပလူတို့သည် သူ၏သန့်ရှင်းရာဌာနတောင်ထဲသို့ ဝင်ကြောင်းကို သူမြင်ရပါ၏။