ရာဇဝင်ချုပ်ပထမစောင် 13:16
ဣသရေလအမျိုးသားတို့သည် ပြေး၍၊ သူတို့ကို ယုဒလူတို့လက်သို့ ဘုရားသခင်အပ်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
And the children of Israel fled before Judah: and God delivered them into their hand.
In Context
17အဘိယနှင့် သူ၏လူတို့သည် ကြီးစွာသော လုပ်ကြံခြင်းကိုပြု၍၊ ရွေးချယ်သော ဣသရေလလူ ငါးသိန်းလဲသေသဖြင့်၊
Read all of ရာဇဝင်ချုပ်ပထမစောင် 13
Cross References
Genesis 14:20သင်၏ ရန်သူတို့ကို သင်၏လက်၌ အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်လည်း မင်္ဂလာ ရှိတော်မူစေသတည်းဟု မြွက်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအား ဆယ်ဘို့ထဘို့ လှူလေ၏။
Deuteronomy 3:3ထိုသို့ ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ဗာရှန်ရှင်ဘုရင် ဩဃနှင့် သူ၏လူအပေါင်းတို့ကို ငါတို့လက်၌ အပ်တော်မူသဖြင့်၊ တယောက်မျှ မကြွင်း စေခြင်းငှါ လုပ်ကြံကြ၏။
Joshua 21:44ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသမျှအတိုင်း၊ ပတ်ဝန်းကျင်အရပ်တို့၌ ငြိမ်ဝပ်ရာအခွင့်ကို ပေးတော်မူ သဖြင့်၊ သူတို့ရှေ့မှာ အဘယ်ရန်သူမျှမရပ်နိုင်။ ရန်သူ အပေါင်းတို့ကို သူတို့လက်သို့ အပ်တော်မူ၏။
Judges 11:21ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည်၊ ရှိဟုန်မင်းနှင့်တကွ သူ၏လူအပေါင်းတို့ ဣသရေလအမျိုးလက်၌ အပ်တော်မူ၍၊ သူတို့ကို လုပ်ကြံသဖြင့် ထိုပြည်၌နေသော အာမောရိလူတို့၏ မြေတရှောက်လုံးကို သိမ်းယူကြ၏။
2 Chronicles 16:8ကုရှလူနှင့်လိဗုလူတို့သည် ရထားများ၊ မြင်းစီး သူရဲများနှင့်တကွ၊ အားကြီးသော အလုံးအရင်ဖြစ်သည် မဟုတ်လော။ သို့သော်လည်း မင်းကြီးသည် ထာဝရ ဘုရားကို ခိုလှုံသောကြောင့်၊ ထိုအလုံးအရင်းကို မင်းကြီး လက်သို့ အပ်နှံတော်မူပြီ။