ရာဇဝင်ချုပ်ပထမစောင် 13:9
သင်တို့သည် ထာဝရဘုရားခန့်ထားတော်မူ သော ယဇ်ပုရောဟိတ်၊ အာရုန်အမျိုးနှင့် လေဝိအမျိုးသား တို့ကိုနှင်ထုတ်၍၊ တပါးအမျိုးသားထုံးစံအတိုင်း၊ ကိုယ်အဘို့ ယဇ်ပူရောဟိတ်တို့ကို လုပ်ကြပြီမဟုတ်လော။ ထိုသို့နှင့်အညီ၊ နွားသငယ်တကောင်နှင့် သိုးခုနစ်ကောင် ကို ပေး၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားခြင်းကို ခံသော သူမည်သည်ကား၊ ဘုရားမဟုတ်သောသူထံမှာ ယဇ်ပုရောဟိတ်ပြုရသည်တကား။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 13
Cross References
Exodus 29:35ထိုသို့ ငါပညတ်သမျှအတိုင်း အာရုန်နှင့် သူ၏ သားတို့ အားပြု၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့် ထားခြင်း မင်္ဂလာကို၊ ခုနစ်ရက်ပတ်လုံးဆောင်ရမည်။
Leviticus 8:2သင်သည် အာရုန်နှင့် သူ၏သားများ၊ အဝတ်များ၊ လိမ်းရန်ဆီ၊ အပြစ်ဖြေရာ ယဇ်ဘို့ နွားထီး၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့ မုန့်တတောင်းကိုယူ၍၊-
Deuteronomy 32:17ဘုရားမဟုတ်သော နတ်ဆိုး၊ မသိဘူးသော ဘုရား၊ ဘိုးဘေးတို့ မကြောက်ဘူးသော ဘုရားသစ်တို့ အား ယဇ်ပူဇော်ကြ၏။
1 Kings 13:33ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ၌ ထပ်၍ ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်ချင်သောသူ ရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။
1 Chronicles 29:5ရွှေသည် ရွှေတန်ဆာအဘို့၊ ငွေသည် ငွေ တန်ဆာအဘို့နှင့် ဆရာသမားလုပ်သမျှအဘို့ ဖြစ်၏။ သို့ဖြစ်၍ ယနေ့ထာဝရဘုရားအား ကိုယ်ဥစ္စာကို အဘယ် သူပူဇော်ချင်သနည်းဟု ပရိသတ်အပေါင်းတို့အား မေးတော်မူလျှင်၊
Jeremiah 2:11အခြားတပါးသော လူမျိုးကိုးကွယ်သော ဘုရား သည် ဘုရားမဟုတ်သော်လည်း၊ ပြောင်းလဲဘူးပြီလော။ ငါ၏လူမျိုးသည် ကျေးဇူးမပြုနိုင်သောအရာဘို့ မိမိတို့ ဘုန်းကို ပြောင်းလဲကြပြီတကား။