ရာဇဝင်ချုပ်ပထမစောင် 18:1
ယောရှဖတ်မင်းသည် ဂုဏ်အသရေနှင့် စည်းစိမ် ဥစ္စာများ၍၊ အာဟပ်မင်းနှင့် အမျိုးဆက်လေ၏။
1835 Judson Burmese Bible
In The King James Version
Now Jehoshaphat had riches and honour in abundance, and joined affinity with Ahab.
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 18
Cross References
1 Kings 21:25အာဟပ်နှင့်တူသော သူတယောက်မျှမရှိ။ ခင်ပွန်းယေဇဗေလသည် တိုက်တွန်းသဖြင့်၊ ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုလို၍ ကိုယ်ကို ရောင်း သောသူဖြစ်၏။
1 Kings 22:45ယောရှဖတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်း၊ စစ်တိုက်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက် ရှိ၏။
2 Kings 8:26အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊မင်းပြု၍ ယေရု ရှလင်မြို့၌ တနှစ်စိုးစံ၏။ မယ်တော်ကား၊ ဣသရေလ ရှင်ဘုရင်ဩမရိမြေးအာသလိ အမည်ရှိ၏။
2 Chronicles 1:11ဘုရားသခင်ကလည်း၊ သင်သည် ထိုသို့အောက် မေ့၍ စည်းစိမ်ဥစ္စာဂုဏ်အသရေကို မတောင်း၊ ရန်သူ တို့၏ အသက်ကိုလည်း မတောင်း၊ တာရှည်သော အသက် ကိုလည်းမတောင်း၊ ငါခန့်ထား၍ သင်အစိုးရသော ငါ၏ လူမျိုးကို တရားစီရင်ခြင်းငှါ တတ်နိုင်သော ဉာဏ်ပညာ ကိုသာ ကိုယ်အဘို့ တောင်းသောကြောင့်၊
2 Chronicles 17:12ယောရှဖတ်သည် အလွန်ခွန်အားတိုးပွား၍၊ ယုဒပြည်၌ရဲတိုက်နှင့် ဘဏ္ဍာတော်မြို့တို့ကို တည်တော် မူ၏။
2 Chronicles 19:2ဟာနန်သားပရောဖက်ယေဟုသည်၊ ယောရှ ဖတ်မင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွား၍၊ မင်းကြီးသည် မတရားသောသူတို့ကို မစသင်သလော။ ထာဝရဘုရားကို မုန်သောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား၏ အချက်တော် သည် မင်းကြီးအပေါ်သို့ သက်ရောက်လေပြီ။