ရာဇဝင်ချုပ်ပထမစောင် 18:29
ဣသရေလရှင်ဘုရင်က၊ ငါသည် ခြားနားသော အယောင်ကို ဆောင်၍စစ်ပွဲထဲသို့ ဝင်မည်။ မင်းကြီးမူ ကား၊ မင်မြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှ ဖတ်အားဆိုပြီးမှ၊ ဣသရေလရှင်ဘုရင်သည် ခြားနား သော အယောင်ကိုဆောင်လျက် စစ်ပွဲထဲသို့ဝင်၏။
1835 Judson Burmese Bible
In The King James Version
In Context
28ထိုသို့ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကြ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 18
Cross References
1 Kings 14:2ယေရောဗောင်သည် မိမိမယားကိုခေါ်၍၊ သင်သည် ယေရောဗောင်၏ မယားဖြစ်သည်ကို အဘယ်သူမျှ မသိစေခြင်းငှါ ခြားနားသော အဆင်းအရောင်ကို ဆောင်ပြီးလျှင်၊ ရှိလောမြို့သို့ ထသွားပါလော့။ ငါသည် ဤလူမျိုးကို စိုးစံရမည်အကြောင်းကို ပြသော ပရောဖက် အဟိယသည် ထိုမြို့၌ရှိ၏။
2 Chronicles 35:22သို့ရာတွင် ယောရှိသည် မလွှဲမရှောင်၊ နေခေါ ဆင့်ဆိုသော ဘုရားသခင်၏ အမိန့်တော်ကို နား မထောင်၊ စစ်တိုက်ခြင်းငှါ ခြားနားသော အယောင်ကို ဆောင်လျက်၊ မေဂိဒ္ဒေါချိုင့်၌ စစ်ပွဲထဲသို့ ဝင်လေ၏။
Psalms 12:2အိမ်နီးချင်းတို့သည် တဦးကိုတဦး မုသာသုံး၍ ချော့မော့သော နှုတ်ခမ်း၊ နှစ်ခွသော စိတ်နှင့်ပြောတတ် ကြပါ၏။
Jeremiah 23:24ငါမမြင်စေခြင်းငှါ အဘယ်သူသည် မထင်ရှား သော အရပ်၌ ပုန်းရှောင်၍ နေနိုင်သနည်းဟု ထာဝရ ဘုရားမေးတော်မူ၏။ ငါသည် ကောင်းကင်မြေကြီးကို နှံ့ပြားသည် မဟုတ်လောဟု ထာဝရဘုရား မေးတော် မူ၏။