ရာဇဝင်ချုပ်ပထမစောင် 20:22
ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြ သောအခါ၊ ယုဒပြည်ကိုတိုက်အံ့သောငှါ လာသော၊ စိရ တောင်သားတို့ကို အမ္မုန်အမျိုး သား၊ မောဘအမျိုးသား တို့တဘက်၌ ထာဝရဘုရားချောင်းမြောင်းစေတော် မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 20
Cross References
Joshua 6:16သတ္တမအကြိမ်တွင် ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်သောအခါ၊ ယောရှုက၊ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် သင်တို့အား မြို့ကို ပေးတော်မူမည်။
1 Samuel 14:16ဗင်္ယာမိန်ခရိုင် ဂိဗာမြို့၌ ရှောလု၏ ကင်းစောင့်တို့သည် ကြည့်ရှုသောအခါ၊ ဖိလိတ္တိလူအလုံးအရင်း သည် လျော့၍ တယောက်ကိုတယောက် ထိုးရိုက်လျက်သွားကြ၏။
2 Samuel 22:4ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍၊ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက်၏။
2 Chronicles 5:13သီချင်းဆိုသောသူတို့နှင့်ဝိုင်းလျှင်၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ ထောမနာပြုခြင်းငှါ၊ တညီတညွတ်တည်း အသံပြိုင်လျက်၊ ကောင်းမြတ်တော် မူသည်။ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု တံပိုး ခွက်ကွင်းအစရှိသောတုရိယာမျိုးနှင့်တကွ၊ အသံကိုလွှင့်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြသောအခါ၊ ထာဝရ ဘုရား၏အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။
2 Chronicles 13:15တဖန်ယုဒလူတို့သည် ကြွေးကြော်သောအခါ၊ ဘုရားသခင်သည် ယေရောဗောင်ကို အဘိယနှင့် ယုဒလူတို့ ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊
Psalms 18:4သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ၍၊ ဖျက်ဆီး တတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏။