ရာဇဝင်ချုပ်ပထမစောင် 21:4
ယဟောရံသည် ခမည်းတော်နိုင်ငံ၌ တည်သော အခါ၊ ကိုယ်ကို ခိုင်ခံ့စေ၍၊ ညီတော်အပေါင်းတို့ကို၎င်း၊ ဣသရေလမှူးတော် မယ်တော်တချို့တို့ကို၎င်း၊ ထားနှင့် သတ်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
5ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံလေ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 21
Cross References
Genesis 4:8ကာဣနကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီ အာဗေလကိုရန်ဘက်ပြု၍ သတ်လေ၏။
Judges 9:56ထိုသို့ အဘိမလက်သည် မိမိညီအစ်ကိုခုနစ်ဆယ်တို့ကို သတ်၍ ပြုမိသော ဒုစရိုက်အပြစ်ကို ဘုရားသခင် ဆပ်ပေးတော်မူ၏။
2 Chronicles 21:13ဣသရေလရှင်ဘုရင်တို့ လမ်းသို့လိုက်သော ကြောင့်၎င်း၊ အာဟပ်အမျိုး မှားယွင်းသည်နည်းတူ ယုဒ ပြည်သူ၊ ယေရုရှလင်မြို့သားတို့သည်၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့်၎င်း၊ ကိုယ်ထက်သာ၍ကောင်းသော ညီရင်းတို့ကို သတ် သောကြောင့်၎င်း၊
2 Chronicles 22:8ယေဟုသည် အာဟပ်အမျိုးကို တရားစီရင် သောအခါ၊ ယုဒမှူးမတ်တို့ကို၎င်း၊ အာခဇိမင်း၌ ခစား သော နောင်တော်၏သားတို့ကို၎င်း၊ တွေ့၍သတ်လေ၏။
2 Chronicles 25:3အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သောကျွန်တို့ကို သတ်လေ ၏။