ရာဇဝင်ချုပ်ပထမစောင် 23:17
လူအပေါင်းတို့သည် ဗာလကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့် ရုပ်တုများကိုချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရော ဟိတ်မဿန်ကို သတ်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
16ရှင်ဘုရင်နှင့် လူအပေါင်းတို့သည် ထာဝရ ဘုရား၏လူဖြစ်ရမည်အကြောင်း၊ ယောယဒသည် မိမိထံ၌ ပဋိညာဉ်ဖွဲ့စေ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 23
Cross References
Deuteronomy 12:3သူတို့ယဇ်ပလ္လင်များကိုလည်း ဖျက်ရမည်။ ရုပ်တု များကို ဖြိုချရမည်။ အာရှရပင်များကို မီးရှို့ရမည်။ ထုလုပ်သော ဘုရားဆင်းတုများကို ခုတ်လှဲရမည်။ ထိုအရပ်၌ ထိုဘုရားတို့၏ နာမကိုပင် ပယ်ရှင်းရမည်။
1 Kings 18:40ဧလိယကလည်း၊ ဗာလ၏ပရောဖက်တို့ကို ဘမ်းဆီးကြလော့။ တယောက်ကိုမျှ မလွတ်စေနှင့်ဟုစီရင် သည်အတိုင်း၊ သူတို့ကို ဘမ်းဆီး၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ၏။
2 Kings 11:18ပြည်သူပြည်သားအပေါင်းတို့သည် ဗာလ ကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လလင်များနှင့် ရုပ်တုများကိုအကုန်အစင်ချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရောဟိတ် မဿန်ကို သတ်ကြ၏။
2 Chronicles 34:4ဗာလဘုရားတို့ ယဇ်ပလ္လင်များကို ရှေ့တော်၌ ဖြိုချ၍၊ ယဇ်ပလ္လင်ပေါ်တွင် အမြင့်တင်ထားသော ရုပ်တု တို့ကို ခုတ်လှဲကြ၏။ အာရှရပင်များနှင့်ထုသောရုပ်တု၊ သွန်းသောရုပ်တုများကိုချိုးဖဲ့၍ ညက်ညက်ချေပြီးလျှင်၊ ယဇ်ပူဇော်သောသူတို့၏ သင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော် မူ၏။
Isaiah 2:18ရုပ်တု ဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့် မည်။