ရာဇဝင်ချုပ်ပထမစောင် 25:14
အာမဇိသည် ဧဒုံအမျိုးသားတို့ကို လုပ်ကြံရာမှ ပြန်လာသောအခါ၊ စိရတောင်သားကိုးကွယ်သော ဘုရား တို့ကိုဆောင်ခဲ့၍၊ ကိုယ်တိုင်ကိုးကွယ်ရာ ဘုရားဖြစ်စေ ခြင်းငှါ၊ တည်ထောင်လျက်သူတို့ရှေ့မှာ ဦးညွှတ်ချ၍ နံ့သာ ပေါင်းကို မီးရှို့လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 25
Cross References
Exodus 20:3ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။
Deuteronomy 7:5သို့ဖြစ်၍၊ သူတို့၌ အဘယ်သို့ပြုရမည်နည်း ဟူမူကား၊ သူတို့ယဇ်ပလ္လင်များကို ဖျက်ရမည်။ ရုပ်တု များကို ဖြိုချရမည်။ အာရှိရပင်များကို ခုတ်လှဲရမည်။ ထုသောရုပ်တု ဆင်းတုများကို မီးရှို့ရမည်။
2 Samuel 5:21ထိုအရပ်၌ ဖိလိတ္တိလူများ ပစ်ထားသောရုပ်တုများကို၊ ဒါဝိဒ်နှင့်သူ၏လူတို့သည် ရှင်းရှင်းဖျက်ဆီးကြ၏။
2 Chronicles 28:23ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့၏ ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိရှင်ဘုရင် ကိုးကွယ် သောဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့်၊ ငါ၌လည်း ကျေးဇူးပြုစေခြင်းငှါ၊ ထိုဘုရားတို့အား ယဇ် ပူဇော်မည်ဟူ၍၎င်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုးအကျိုးနည်းစရာ အကြောင်း ဖြစ်သတည်း။
Amos 2:4တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒအမျိုးသည် ထာဝရဘုရားစီရင်တော်မူချက်တို့ကို မစောင့်၊ ပညတ်တရားတော်ကို စွန့်ပစ်၍၊ ဘိုးဘေးတို့ လိုက်ဘူးသော မိစ္ဆာဒိဌိအားဖြင့် မှားယွင်းသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။