ရာဇဝင်ချုပ်ပထမစောင် 27:4
ယုဒတောင်ရိုးပေါ်မှာ မြို့များကို၎င်း၊ တော၌ ရဲတိုက်များနှင့် ပြအိုးများကို၎င်း တည်ထောင်လေ၏။
1835 Judson Burmese Bible
In The King James Version
Moreover he built cities in the mountains of Judah, and in the forests he built castles and towers.
In Context
3ထိုမင်းသည် ဗိမာန်တော်အထက်တံခါးကို လုပ်၍၊ ဩဖေလမြို့ရိုးကို အလွန်ခိုင်ခံ့စေ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 27
Cross References
Joshua 14:12သို့ဖြစ်၍ ထိုနေ့၌ ထာဝရဘုရားမိန့်တော်မူ သော ဤတောင်ကို အကျွန်ုပ်အား ပေးပါ။ ဤတောင် ပေါ်မှာ အာနကလူရှိကြောင်းကို၎င်း၊ ကြီးမားခိုင်ခံ့သော မြို့တို့နှင့် ပြည့်စုံကြောင်းကို၎င်း၊ ထိုနေ့၌ ကိုယ်တော်သည် ကြားရပြီ။ သို့ရာတွင် ထာဝရဘုရားသည် အကျွန်ုပ်နှင့် အတူရှိတော်မူလျှင်၊ အမိန့်တော်ရှိသည်အတိုင်း ထိုသူတို့ ကို နှင်ထုတ်ခြင်းငှါ အကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက်ဆို၏။
2 Chronicles 14:7ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရား ကို ကြိုးစားရှာ၍၊ ထိုဘုရားသည် အရပ်ရပ်၌ ငြိမ်သက် သောအခွင့်ကို ပေးတော်မူသောကြောင့်၊ တပြည်လုံးကို အစိုးရစဉ်အခါ၊ ဤမည်သော မြို့တို့ကို ပြုစု၍ မြို့ရိုး၊ ပြအိုး၊ တံခါး၊ ကန့်လန့်ကျင်တို့ကို လုပ်ကြကုန်အံ့ဟု ယုဒလူတို့အား မိန့်တော်မူ၏။
2 Chronicles 26:9ဩဇိမင်းသည် ယေရုရှလင်မြို့ ထောင့်တံခါး၊ ချိုင့်တံခါး၊ မြို့ရိုးကွေ့တံခါး၌ ရဲတိုက်တို့ကို တည်၍ ခိုင်ခံ့စေ၏။