ရာဇဝင်ချုပ်ပထမစောင် 29:16
ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ကို သန့် ရှင်းစေခြင်းငှါ၊ အတွင်းခန်းထဲသို့ဝင်၍၊ တွေ့သမျှသော အမှိုက်ကို တန်တိုင်းသို့ထုတ်ပြီးလျှင်၊ လေဝိသားတို့သည် ကေဒြုန်ချောင်းသို့ယူသွားကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 29
Cross References
Exodus 26:33သက်သေခံချက်ထားသော သေတ္တာကို၊ ကုလားကာအတွင်းသို့ သွင်းစရာဘို့ ထိုကုလားကာကို ရွှေချောင်းဖြင့် ဆွဲကာ၍၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား၌ အပိုင်းအခြား ဖြစ်ရမည်။
1 Kings 6:19ထိုသို့ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော် ကို တင်ထားရန်၊ အိမ်တော်အတွင်း၌ ဗျာဒိတ်ဌာနတော် ကို ပြင်ဆင်လေ၏။
2 Chronicles 3:8အလွန်သန့်ရှင်းရာ ဌာနတော်ကိုလည်း အိမ်တော်အနံနှင့်ညီစွာ အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်လုပ်၍ ရွှေစင်အခွက် ခြောက် ထောင်နှင့်မွမ်းမံလေ၏။
2 Chronicles 15:16အာသမင်းကြီး၏ အဘွားတော်မာခါသည်၊ အာရှရပင်အောက်မှာ ရုပ်တုကိုလုပ်သောကြောင့်၊မိဖုရား အရာကိုနှုတ်၍၊ ရုပ်တုကိုဖျက်ဆီးကျော်နင်းပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။
Ezekiel 36:29သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါ ကင်းလွတ်စေမည်။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ၊ ဆန်စပါးကို မှာလိုက်၍ များပြားစေမည်။
Matthew 23:27လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။