ရာဇဝင်ချုပ်ပထမစောင် 30:18
များစွာသောလူတည်းဟူသော၊ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ဣသခါအမျိုး၊ ဇာဗုလုန်အမျိုးသား အများတို့သည် ကျမ်းစာ၌ပါသော တရားသို့မလိုက်၊ ကိုယ်ကိုမသန့်ရှင်းစေဘဲ၊ ပသခါ သိုးသငယ်ကိုစားကြ ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 30
Cross References
Genesis 20:17အာဗြဟံသည်လည်း၊ ဘုရားသခင်ကို ဆုတောင်း၍၊ ဘုရားသခင်သည် အဘိမလက်နှင့်သူ၏ မယား၊ သူ၏ကျွန်မတို့ကို အနာပျောက်စေတော်မူသဖြင့်၊ သူတို့သည် သားကိုဘွားကြ၏။
Exodus 34:6ထာဝရဘုရားသည် မောရှေရှေ့၌ ကြွသွားတော်မူလျက်၊ ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနား ခြင်း မေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊
Numbers 9:7အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်း ရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလ အမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို မပြုစေခြင်းငှါ၊ အကျွန်ုပ်တို့ကို ဆီးတား ပါမည်လောဟု မေးလျှောက်ကြ၏။
Numbers 14:18အဘတို့၏ အပြစ်ကိုသားတို့၌ ဆပ်ပေးစီရင်တော်မူသောဘုရားသခင်ဖြစ်၏ဟု မိန့်တော်မူသည်အတိုင်း၊ အကျွန်ုပ်တို့၏ဘုရားရှင် တန်ခိုးတော်သည် ကြီးပါစေသော။
2 Kings 5:18သို့သော်လည်း အကျွန်ုပ်သခင်သည် ကိုးကွယ် အံ့ဟု ရိမ္မုန်ဘုရား၏ကျောင်းသို့သွား၍ အကျွန်ုပ်ကို မှီလျက်ရိမ္မုန်ကျောင်း၌ ကိုယ်ကို ညွှတ်သောအခါ၊ အကျွန်ုပ်ကိုယ်သည်လည်းညွတ်လျှင်၊ ထာဝရဘုရားသည် ကိုယ်တော်ကျွန်ကို အပြစ်လွှတ်တော်မူပါစေသောဟု ဆိုလျှင်၊
2 Chronicles 30:11သို့ရာတွင် အာရှာခရိုင်သား၊ မနာရှေခရိုင်သား၊ ဇာဗုလုန်ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ၍ ယေရုရှလင်မြို့သို့ လာကြ၏။