ရာဇဝင်ချုပ်ပထမစောင် 30:8
သင်တို့အဘများကဲ့သို့ ခိုင်မာသောသဘော မရှိကြနှင့်။ ထာဝရဘုရား၌ ကိုယ်ကိုအပ်နှံကြလော့။ အစဉ်သန့်ရှင်းစေတော်မူသော သန့်ရှင်းရာဌာနတော်သို့ လာကြလော့။ ပြင်းစွာသော အမျက်တော်သည် သင်တို့မှ လွှဲသွားမည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရ ဘုရား၏အမှုတော်ကို စောင့်ကြလော့။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 30
Cross References
Deuteronomy 6:13သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမ တော်အားဖြင့်လည်း ကျိန်ဆိုခြင်းကိုပြုရမည်။
Deuteronomy 10:16သို့ဖြစ်၍ သင်၏နှလုံးအရေဖျားကို လှီးဖြတ် လော့။ နောက်တဖန် ခိုင်မာသောလည်ပင်း မရှိစေနှင့်။
2 Kings 23:26သို့ရာတွင် မနာရှေသည် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ၊ ပြစ်မှားသော အပြစ် ရှိသမျှတို့ကြောင့်၊ ယုဒအမျိုး၌ ပြင်းစွာ အမျက်ထွက်၍ စိတ်တော်မပြေ။
2 Chronicles 6:5ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍။ ငါ့နာမ တည်ရာအိမ်ကို ဆောက်စေခြင်းငှါ၊ ဣသရေလခရိုင် များတို့တွင် မြို့ကို ငါမရွေး၊ ငါ၏လူဣသရေလအမျိုးသား တို့ကို အုပ်စိုးရသော်သူကိုလည် ငါမရွေးသေး။ ယခုမူ ကား၊ ငါ့နာမတည်ရာ ယေရုရှလင်မြို့ကို၎င်း၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ ဒါဝိဒ်ကို ၎င်း၊ ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ် တော်ရှိသည်အတိုင်း၊ ပြုတော်မူသော ဣသရေလအမျိုး ၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။
2 Chronicles 7:16ငါ့နာမသည် အစဉ်တည်၍ ငါ့မျက်စိနှင့် ငါ့နှလုံးအစဉ် စွဲလမ်းစရာဘို့ ဤအိမ်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။
2 Chronicles 28:13သင်တို့သိမ်းယူခဲ့သော သူတို့ကို ဤမြို့ထဲသို့ မသွင်းရ။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားပြီ။ အပြစ် ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ ကြံစည်ကြသည်ကား။ ယခုတွင် ငါတို့အပြစ်ကြီးလှ၏။ ဣသရေအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်ရှိသည်ဟု ဆိုသောကြောင့်၊