ရာဇဝင်ချုပ်ပထမစောင် 31:17
အဆွေအမျိုးအလိုက် စာရင်းဝင်၍၊ အသက် နှစ်ဆယ်လွန်သဖြင့်၊ သင်းဖွဲ့သည်အတိုင်း၊ အမှုတော် စောင့်သော ယဇ်ပုရောဟိတ်လေဝိသားတို့ အား၎င်း၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 31
Cross References
Numbers 3:20မိမိအဆွေအမျိုးအလိုက် မေရာရိသားတို့၏ နာမည်ကား မဟာလိနှင့် မုရှိတည်း၊ ဤသူတို့သည် မိမိ ဘိုးဘေးအမျိုးအလိုက် ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ဖြစ်ကြ၏။
Numbers 4:38ဂေရုရှုန်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊
Numbers 4:46ထိုသို့နှင့် အညီ၊ လေဝိသားတို့တွင် အသက်သုံး ဆယ်လွန်၍ ငါးဆယ်မမှီ၊
Numbers 17:2သင်သည် ဣသရေလအမျိုးသားတို့အား ဆင့် ဆိုပြီးမှ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလ ဆယ်နှစ် မျိုး၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ် နှစ်ချောင်းတို့ကို ယူ၍၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာ ရေးထားလော့။
1 Chronicles 23:27နောက်ဆုံးအမိန့်တော်အတိုင်း၊ အသက် နှစ်ဆယ်လွန်သော လေဝိသားတို့ကို စာရင်းယူရ၏။
2 Chronicles 31:2ယဇ်ပုရောဟိတ်လေဝိသားတို့သည်၊ အသီး အသီးစောင့်ရသောအမှုကို အလှည်သင့်သည်အတိုင်း စောင့်လျက်၊ ထာဝရဘုရား၏ကျိန်းဝပ်တော်မူသော ဌာနတော်တံခါးအတွင်း၌၊ မီးရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်ကိုပူဇော်ခြင်း၊ အမှုတော်မျိုးကိုစောင့်ခြင်း၊ ကျေးဇူး တော်ကို ဝန်ခံခြင်း၊ ထောမနာသီချင်း ဆိုခြင်းအမှုကို ပြုစေခြင်းငှါ၊ ဟေဇကိ ခန့်ထားတော်မူ၏။