The Bible Software
bible.software › ရာဇဝင်ချုပ်ပထမစောင် › ရာဇဝင်ချုပ်ပထမစောင် 32 › ရာဇဝင်ချုပ်ပထမစောင် 32:33

ရာဇဝင်ချုပ်ပထမစောင် 32:33

ဟေဇကိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ် ၏သားတော် မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသော သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ပြုလေ၏။ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ဟေဇကိ အနိစ္စ ရောက်သောအခါ၊ ဂုဏ်အသရေတော်ကို ချီးမြှောက်ကြ ၏။ သားတော်မနာရှေသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

1835 Judson Burmese Bible

In The King James Version

And Hezekiah slept with his fathers, and they buried him in the chiefest of the sepulchres of the sons of David: and all Judah and the inhabitants of Jerusalem did him honour at his death. And Manasseh his son reigned in his stead.

In Context

32ဟေဇကိပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် ကျေးဇူးပြုခြင်းအရာသည် အာမုတ်သား ပရော ဖက်ဟေရှာယ၏ ရူပါရုံကျမ်း၊ ယုဒရာဇဝင်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက် ရှိ၏။

Read all of ရာဇဝင်ချုပ်ပထမစောင် 32

Cross References

Numbers 20:29အာရုန်သည် အနိစ္စရောက်ကြောင်းကို ပရိသတ် အပေါင်းတို့သည် သိမြင်သောအခါ၊ ဣသရေလအမျိုး သားရှိသမျှတို့သည်၊ အာရုန်အတွက် အရက်သုံးဆယ်ပတ် လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။

1 Samuel 2:30ထိုသို့ပြုသောကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့် အမျိုး၊ သင့်အဘ၏အမျိုးသည် ငါ့ရှေ့မှာအစဉ် သွားလာရလိမ့်မည်ဟု ငါဆိုမိသော်လည်း၊ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုဂတိသည် ငါနှင့်ဝေးပါစေ။ ငါ့ကို ချီးမြှောက်သော သူတို့ ကို ငါချီးမြှောက်မည်။ ငါ့ကို မထီမဲ့မြင်ပြုသော သူတို့သည် ဂုဏ်သရေ ပျက်ကြလိမ့်မည်။-

1 Kings 1:21သို့မဟုတ်ကျွန်မအရှင်မင်းကြီးသည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက်တော်မူသောအခါ၊ ကျွန်တော်မနှင့် သားရှောလမုန်သည် ရာဇဝတ်ခံရသော သူဖြစ်ပါလိမ့်မည်ဟု လျှောက်လေ၏။

1 Kings 11:43ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ခမည်းတော် ဒါဝိဒ်မြို့၌သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ရောဗောင် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။

2 Chronicles 33:1မနာရှေသည် အသက်တဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါးနှစ် စိုးစံလေ၏။

Proverbs 10:7တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ရာဇဝင်ချုပ်ပထမစောင် 32:33

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ရာဇဝင်ချုပ်ပထမစောင် 32:32ရာဇဝင်ချုပ်ပထမစောင် 32