ရာဇဝင်ချုပ်ပထမစောင် 33:2
ထိုမင်းသည် ဣသရေလအမျိုးသား ရှေ့မှာ၊ ထာဝရဘုရားနှင် ထုတ်တော်မူသော တပါးအမျိုးသား ရွံရှာဘွယ်ထုံးစံအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
1835 Judson Burmese Bible
In The King James Version
In Context
1မနာရှေသည် အသက်တဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါးနှစ် စိုးစံလေ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 33
Cross References
Leviticus 20:22သင်တို့ကို ငါ ပို့ဆောင်၍ နေရာချသော ပြည်သည် မအော့အန်စေခြင်းငှါ၊ သင်တို့သည် ငါစီရင် ထုံးဖွဲ့သမျှတို့ကို ကျင့်ဆောင်ရမည်။
Deuteronomy 12:31သူတို့ပြုသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရ ဘုရားအား သင်မပြုရ။ သူတို့သည်၊ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသမျှတို့ကို သူတို့ဘုရား၌ ပြုကြပြီ။ ကိုယ်သား သမီးကိုပင် သူတို့ဘုရားအား ဝတ်ပြု၍ မီးရှို့ကြပြီ။
Deuteronomy 18:14သင်အစိုးရအံ့သော လူမျိုးတို့သည်၊ ကာလ ဗေဒင်ကို ကြည့်သောသူ၊ ဖြစ်လတံ့သောအမှုကို ကိုယ် ဉာဏ်အားဖြင့် ဟောပြောသောသူတို့ စကားကို နား ထောင်တတ်ကြ၏။ သင်မူကား ထိုသို့ ပြုရအောင် သင်၏ ဘုရားသခင် ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။
2 Kings 17:15စီရင်တော်မူချက်၊ ဘိုးဘေးတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်၊ သူတို့၌ သက်သေခံတော်မူသော သက်သေတို့ကို ပယ်၍အနတ္တတရားကို ကျင့်လျက် အချည်းနှီးသက်သက်ဖြစ်ကြ၏။ အကြင်တပါးအမျိုးသား ကျင့်သကဲ့သို့ မကျင့်ကြနှင့်ဟု ထာဝရဘုရား ပညတ်တော် မူ၏၊ ပတ်လည်၌နေသော ထိုအမျိုးသားနောက်သို့ လိုက်ကြ၏။
2 Kings 21:9သူတို့သည် နားမထောင်၊ ဣသရေလအမျိုးသား တို့ရှေ့မှာ ထာဝရဘုရား ဖျက်ဆီးတော်မူသော လူမျိုးတို့ ပြုသည်ထက် သာ၍ ဒုစရိုက်ကိုပြုစေခြင်းငှါ မနာရှေ သည် သွေးဆောင်လေ၏။
2 Chronicles 36:14ထိုမှတပါး၊ ယဇ်ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သား ရှိသမျှတို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ်ပြုသည်အတိုင်း၊ အလွန်ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌ ထာဝရဘုရား သန့်ရှင်းစေတော်မူသော ဗိမာန်တော်ကို ညစ်ညူးစေကြ၏။