ရာဇဝင်ချုပ်ပထမစောင် 33:3
ခမည်းတော်ဟေဇကိဖျက်ဆီးသော ကုန်းတို့ကို ပြုပြင်၍၊ ဗာလဘုရားတို့အဘို့ ယဇ်ပလ္လင်တို့ကို တည်၏။ အာရှရပင်တို့ကိုလည်း ပြုစု၏။ မိုဃ်းကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြုကိုးကွယ်၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 33
Cross References
Deuteronomy 16:21သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ သင် တည်သော ယဇ်ပလ္လင်အနားမှာ အဘယ်သို့ သော အာရှရပင်ကိုမျှ မစိုက်ရ။
Judges 2:11ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ ဗာလဘုရားတို့ကို ဝတ်ပြုကြ၏။
1 Kings 14:23မြင့်သောတောင်ရှိသမျှတို့အပေါ်၌၎င်း၊ စိမ်း သော သစ်ပင်ရှိသမျှတို့အောက်၌၎င်း၊ ကုန်းများ၊ ရုပ်တု များ၊ အာရှရပင်များကို တည်ကြ၏။
2 Kings 21:3ခမည်းတော်ဟေဇကိ ဖျက်ဆီးသောကုန်းတို့ကို ပြုပြင်၍၊ ဣသရေလရှင်ဘုရင် အာဟပ်ပြုသကဲ့သို့ ဗာလအဘို့ ယဇ်ပလ္လင်တို့ကို တည်၏။ အာရှရပင်ကို လည်း ပြုစု၏။ မိုဃ်းကောင်းကင် တန်ဆာများကိုလည်း ဝတ်ပြုကိုးကွယ်၏။
2 Kings 23:11ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော်၍၊ ဗိမာန် တော်ဝင်းပြင် အရာရှိနာသမ္မေလက်အိမ်နား၊ ဝင်းတော် တံခါးဝ၌ထားသော မြင်းတို့ကိုလည်း ပယ်ရှား၍ နေရထားတို့ကိုလည်း မီးရှို့တော်မူ၏။
2 Chronicles 28:24တဖန်အာခတ်သည် ဗိမာန်တော်တန်ဆာတို့ကို စုထား၍အပိုင်းပိုင်း ချိုးဖြတ်၏။ ဗိမာန်တော်တံခါးတို့ကို လည်း ပိတ်ထား၏။ ယေရုရှလင်မြို့ထောင့်များ၌ ယဇ် ပလ္လင်တို့ကို တည်၏။