ရာဇဝင်ချုပ်ပထမစောင် 35:27
အကျင့်ကျင့်ခြင်းအရာအစ အဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက် ရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 35
Cross References
2 Kings 10:34ယေဟုပြုမူသော အမှုအရာ ကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည်၊ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
2 Kings 20:20ဟေဇကိပြုမူသော အမှုအရာ ကြွင်းလေသမျှတို့ နှင့် တန်ခိုးကြီးခြင်း၊ ရေကန်နှင့် ရေပြွန်ကို လုပ်၍ မြို့ထဲသို့ရေကို ဆောင်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
2 Chronicles 12:15ရောဗောင်ပြုမူသော အမှုအရာအစအဆုံးတို့ သည်၊ ပရောဖက်ရှေမာယ၏ကျမ်းနှင့်၊ ပရောဖက်ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း၌ ရေးထားလျက် ရှိ၏။ ရောဗောင်နှင့် ယေရောဗောင်တို့သည်၊ အသက် ရှည်သမျှကာလပတ်လုံး ရန်ဘက်ပြုကြ၏။
2 Chronicles 24:27ယောရှသည် သားရိခြင်းအရာ လေးသောအမှု ကို ထမ်းခြင်းအရာ၊ ဗိမာန်တော်ကို ပြုပြင်ခြင်း အရာတို့ သည် ရာဇဝင်နှင့်ဆက်သောစာ၌ ရေးထားလျက်ရှိ၏။ သားတော်အာမဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
2 Chronicles 26:22ဩဇိပြုမူသောအမှုအရာ ကြွင်းလေသမျှ အစ အဆုံးတို့ကို၊ အာမုတ်သား ပရောဖက်ဟေရှာယသည် ရေးထားလေ၏။
2 Chronicles 33:19သူဆုတောင်းခြင်း၊ ဘုရားသခင်နားထောင်တော်မူခြင်း၊ အမှုမရောက်မှီ ပြစ်မှားလွန်ကျူးခြင်း၊ မြင့်သောအရပ် တို့ကို တည်ခြင်း၊ အာရှရပင်နှင့် ရုပ်တုဆင်းတုတို့ကို တည်ထောင်ခြင်းအရာတို့သည်၊ ဟောဇဲ၏ ကျမ်းစကားတွင် ရေးထားလျက်ရှိ၏။